ဒီနေ့ လေးက
အရင်နေ့ တွေနဲ့ မတူတဲ့ နေ့ လေးတစ်နေ့ပေါ့
မထင်မှတ်ပဲ
တော်တော်ထူးခြားတဲ့ ပြဿနာလေး တစ်ခုပေါ့။
မထင်မှတ်ပဲ
တော်တော်ထူးခြားတဲ့ ပြဿနာလေး တစ်ခုပေါ့။
အရင်နေ့တွေကဆိုရင် သူ့ အကောင့်မှာ သူတစ်ယောက်တည်းဓါတ်ပုံ
လေးတင်ထားတယ်လေ ဒီနေ့ ကြတော့ ဓါတ်ပုံကပြောင်းသွားတယ်
စုံတွဲပုံလေးလို့ ပြောရမှာပဲ ပေါ့။အဲ့ဒိအချိန်မှာ ကျနော်တစ်ခုခုကို ခံစားလိုက်ရသလိုမျိုးပဲဗျာ အလိမ်ခံလိုက်ရပြီဆိုပြီးကိုယ့်ကို ကိုယ်
ဒေါသထွက်မိခဲ့တယ်။သူနဲ့ လဲဘာမှ မဆိုင်ဘူးဆိုတာသိလျှက်နဲ့
ကျနော်တစ်ယောက်တည်းခံစားခဲ့ရတယ်ဗျာ ဘာကြောင့်မှန်းလဲမသိခဲ့ရပါဘူး။ကိုယ့် ကိုကိုယ်တော့ အခါခါတွေးနေဆဲပါပဲ........။။။။
သူကတော့ပြောပါတယ် သူ့ငယ်ချင်းတစ်ယောက်က အတင်းရိုက်ပြီးတင်ထားခဲ့တာတဲ့လေ ။
သူဘာပဲပြောပြော ကျနော် လွယ်လွယ်နဲ့ယုံစရာလား.........။
နာမည်ကိုတောင် ၂ ခါပြန်မေးထားရတာလေ ။
သူကရော ဘာလို့ ကျနော့်ကိုဓါတ်ပုံက သူ့ ရည်းစားပုံ မဟုတ်ရပါဘူး
ဆိုပြီး အတင်းဇွတ် ငြင်းပြနေရတာလဲ။။။။။။။။ ကျနော် ကရောဘာလို့ သူကိုမေးနေရတာလဲ ။တကယ်ဆိုရင် ကျနော်သူ့ ကိုမေးစရာမလိုသလို ၊ သူကလဲ ကျနော့်ကို ရှင်းပြနေစရာ ဘာမှလိုပါဘုးနော် .........။
ဟီး ဟီး ရယ်ရတယ်...........။ ညီမလေး ရယ်............။
အဲ့ ဒိနေ့ က ကျနော် စိတ်ညစ်ပြီး ဂျီတော့ ကို ပိတ်ပြစ်လိုက်တယ်
ရင်ထဲမှာ စိတ်တိုတာရော၊ စိတ်ညစ်တာရော၊မယုံချင်တာတွေရော
အားလုံရောပြီး စက်ကိုပါ ပိတ်ထားလိုက်တယ်။ အဲ့ ဒိနေ့ က အိပ်ရေးလဲ ၀ သွားတယ်ပေါ့ ....။
တော်ပြီ နောက်နေ့ မှ အဖြစ်အပျက်လေးတွေကိုကြည့်ပြီး ဆက်ရေးတော့မယ် အခုတော့ ဒီလောက်နဲ့ ပဲရပ်မှ ရတော့မယ်
ရေးစရာလဲမရှိတော့ဘူး.........။။ဟားဟား
သတိ တော့ရမိသား ကွ ။။။။။
ရင်ထဲမှာ တစ်မျိုးလေးပဲ ..............။