Friday, December 2, 2011

နံပါတ် ၀၆ ။ ။Tue, Oct 25, 2011 at 01:23 AM

ဒီနေ့က ကျနော်ကံဆိုးတဲ့နေ့ပဲဗျာ 
ညီမလေးနဲ့ချိန်းထားတဲ့နေ့ကြမှ အလုပ်ထဲမှာ 
ကျနော် မတော်တဆ ခိုက်မိပြီး ဒဏ်ရာ ရခဲ့တယ်။
ဆေးရုံးကြီးကိုရောက်သွားတယ်။ တနေ့နဲ့ တညပေါ့ ဆေးရုံမှာ
ကြာခဲ့တယ်လေ။။။။။
ဒဏ်ရာကတော့ နဲနဲများသွားတယ် ဗျာ။
အိမ်ပြန်ရောက်တော့ ကွန်ပျူတာကို သူငယ်ချင်းဖွင့်ခိုင်းရတယ်လေ။
အဲ့ဒိအချိန်မှာ ညီမလေး ကျနော့်ဆီကိုပို့ ထားတဲ့စာတွေ
တွေ့တာပေါ့။ သူငယ်ချင်း က ကျနော့်ကိုဖတ်ပြတယ်။ 
မယုံလို့ဆိုပြီး ကျနော်ကိုယ်တိုင် ထဖတ်တော့မှ 
ကျနော် မျက်ရည် တွေဝဲခဲ့ပါတယ်။ 
သူအဲ့လိုရေးတာကိုအပစ်လို့ ပြောလို့မရပါဘူး။
သူ့ ဘက်ကနေကြည့်ရင်မှန်နေတာပဲလေ။
စာသားလေးကတော့ 
  သွန်း: ကိုကြီး သွန်း 9 နာရီလာမယ်လို့ ပြောထားရက်နဲ့ ဘာလို့မရှိတာလဲ သွန်းက ကိုကြီးစောင့်နေမှာစိုးလို့ မုန့်တောင်မစားခဲ့ဘူး ဒီနေ့ မှတီချယ်ကလည်း ကျူရှင်ဆင်းတာနောက်ကျတယ် မနက်ကလည်း အိပ်ရာထနောက်ကျလို့ မုန့် မစားဘဲ ကျူရှင်သွားတာ ဆင်းတော့လည်းနောက်ကျတော့ ကိုကြီးစောင့်နေမှာ စိုးတာနဲ့ မုန့်တောင်မစားခဲ့ဘူး အပြေးလာခဲ့ရတာ ဆိုင်ရောက်တော့ အမောမပြေဘူး သွန်းအရမ်းဝမ်းနည်းသွားပြီ သွန်းကတော့ကိုကြီးကို နေ့ ရောညပါသတိရလိုက်ရတာ ပြီးတော့ ကီုကြီးနဲ့ တွေ့ရမယ့်နေ့ကို စောင့်လိုက်ရတာ သွန်းမျှော်လင့်တာတွေ တစ်ခုမှဖြစ်မလာဘူး ညတုန်းကဆို သွန်း 2 နာရီအထိအိပ်လို့ မရသေးဘူး မနက်ကျရင်ကိုကြီးနဲ့ တွေ့ရမယ်ဆိုတဲ့ အသိနဲ့ အရမ်းပျော်နေခဲ့တာ ပြီးတော့ကိုကြီးကို စကားတွေအများကြီးပြောချင်ခဲ့တာ အခုတော့ သွန်းရဲ့ အထင်နဲ့ အမြင်ကတခြားစီပဲ သွန်းပြန်တော့မယ် နောက်နေ့တွေကျရင်သွန်းကို mail မပို့ပါနဲ့တော့ သွန်းဘယ်တော့မှ online မထိုင်တော့ဘူး နှူတ်ဆက်ခဲ့ပါတာ ကိုကြီးပျော်ရွှင်ပါစေနော်
                    တစ်ချိန်ကကိုကြီးရဲ့ညီမလေး သွန်း

ကျနော်အဲ့ဒိစာတွေကိုဖတ်ပြီး အရမ်းပဲဝမ်းနည်းမိတာပေါ့။သူ့ ဘက်ကမှန်နေပေမဲ့ ကျနော့်ဘက်က
တမင်လုပ်နေတဲ့အရာတွေမှ မဟုတ်တာလေ
ဖုန်းနဲ့ဆက်ပြီးပြောချင်ပေမဲ့လဲ ညခင်းကြီးဖြစ်နေတော့သူငယ်ချင်း ကို ဖုန်းကဒ်ဝယ်ခိုင်းရမှာလဲ အားနာတယ်ဗျာ။သူငယ်ချင်းကို အကူညီတောင်းပြီး  ညီမလေးဆီကို မေးလ်တစ်ဆောင် ပို့ခိုင်းခဲ့တယ်။ မရောက်မှာလဲဆိုးရိမ်ရသေးတယ်။အဲ့ ဒိနေ့က တစ်ညလုံး အိပ်လို့လဲမပျော်ခဲ့ပါဘူး။မိုးလင်းရင်တော့ ညီမလေးဆီကို အစ်ကို ဖုန်းဆက်ပါ့မယ် င်္ညီမလေးရယ်  နော်အကို့ ကို  အထင်လွဲပြီး  စိတ်မနားလိုက်ပါနဲ့ညီမလေးရယ်အစ်ကို ညီမလေး ကို အချိန်တိုင်း သတိရနေတာပါကွာ။ ညီမလေး ကိုသိပ်ချစ်တယ် ညီမလေးရယ်။ညီမလေးသိအောင် တချိန်ချိန်ကျရင် အစ်ကိုပြောပြပါ့မယ်ညီမလေးရယ်......။အစ်ကို  အနာသက်သာမှ စာတွေအများကြီးရေးတော့မယ်သိလားညီမလေး။အခုတော့   ဂွတ် နိုက်   ပါညီမလေးရယ်....။ညီမလေး   စာတွေ တော်ပါစေ။။။။။။။           

နံပါတ် ၀၅ ။ ။ Thu, Oct 20, 2011 at 01:35 AM

ဒီနေ့ညီမလေးနဲ့တွေ့ရတာ
နောက်ဆုံးနေ့များလား လို့ကျနော်တွေးပူနေမိတယ်။
မနက်ဖြန်ဆို ညီမေလေးက ပုသိမ်ကိုသွားရတော့မယ်တဲ့လေ။
ကျနော်လဲလိုက်သွားချင်လိုက်တာ ဟားဟား....။
ညီမလေးကဒီနေ့ ကျနော့်ကိုပြောသွားတယ် အွန်လိုင်းမှာ တစ်နေ့လောက်မတွေ့ရတာကို အကြာကြီးထင်နေလို့တဲ့လေ။
နောက်ပြီးသတိရတဲ့အကြောင်းတွေလဲပြောသွားသေးတယ်။
အစ်ကိုကြီးတစ်ယောက်လိုလဲ အရမ်းခင်တာပဲတဲ့  ဟားဟားဟား။
ဘာတွေပြောနေတာလဲ မသိပါဘူး။ အွန်လိုင်းရောက်လို့ ကျနော့်ကိုမတွေ့ရင် သတိရတယ် ဆိုတဲ့ စာသားတွေ ပို့ထားတော့တာပဲ။
ကတယ်ပဲ ကျနော့်ကို သတိရနေတာလား။ တမင်လုပ်ကြံပြောနေတာမျိုး
မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲလေ။။။။။။။။။
အမှန်အတိုင်းပြောရရင်ကျနော် ကသူ့ထက်ပိုနေမှာပါ ။။။။။။။။
အဲ့ ဒါတွေကအရေးမကြီးပါဘူး ။ကျနော့်ညီမလေး ပုသိမ် ရောက်ရင်
ဘာတွေလိုအပ်နေမလဲ။ တစ်ယောက်တည်းသွားရတာနဲ့တူပါရဲ့ ရန်ကုန်ကသူငယ်ချင်းတွေ မပါလောက်ဘူးနဲ့တူတယ်။ တစ်ယောက်တည်းဖြစ်ဖို့ကများပါတယ်။ညီမလေး သနားပါတယ်။
တစ်ယောက်တည်းကြောင်တောင်တောင် နဲ့နေမှာပေါ့နော် ......။
ဟိုရောက်ရင်တော့ သူ့ သူငယ်ချင်းတွေ့နဲ့တွေ့မှာပါလေ။
ညီမလေး  အစစ အရာရာ အဆင်ပြေပါစေလို့ဆုတောင်းပေးနေပါတယ်ညီမလေးရယ်.....။
 good night 
naw  nyi ma  lay............  bey   bey