ညီမလေး က စာမေးပွဲဖြေခါနည်းမှ ဖျားနေတယ်တဲ့ဗျာ
ဘယ်လိုဖြစ်ရတာလဲ ဗျာ တစ်ခြားလူတွေကြတော့ ဘာမှမဖြစ်ပဲနဲ့ ကျနော့်ညီမလေး တစ်ယောက်တည်းဘာလို့ရွေးပြီးဖျားနေရတာလဲ နော်.............။
ဖြစ်နိုင်ရင်အခုချိန်မှာ ကျနော့်ညီမလေး အစား ကျနော်သာ နေမကောင်းဖြစ်လိုက်ချင်ပါတော့တယ် ဗျာ တကယ်ပဲ ။
ပထမ နေ့ကဆို စာမေးပွဲကိုတောင် မဖြေတော့ဘူးတဲ့လေ ။
သူ့ရဲ့အတွင်းစိတ်ကတော့ဘယ်လိုမျိုးလဲတော့မသိပါဘူး ဗျာ။
တကယ်မဖြေတော့ဘူးကြီးပဲပြောနေတော့တာပါပဲ ဗျာ။
ကျနော့်မှာ ညီမလေး အရင်းတစ်ယောက်လိုပါပဲ ဗျာ သူ့ကိုပြောပြရတာပေါ့။အဲ့ ဒိနေ့ကဆို မဖြေပါဘူးလို့ဇွတ်ငြင်းနေလို့ ကျနော့်မှာ ငိုချင်စိတ်တွေပါ ဝင်လာတယ် ညီမလေးကိုပြောရတာလေ။ ကျနော်ပြောပြနေတာတွေကလဲ ကျနော့်အတွက် အကျိုးတစ်ခုလေးမှ မပါ ပါဘူးဗျာ ညီမလေး အတွက်တွေကြီးပါပဲဗျာ။
ဒါပေမဲ့ ညီမလေး ကျနော့် စေတနာတွေကို သိရှိနားလည်ပါစေလို့
ဆုတောင်းပါရစေ အရှင်ဘုရား........။
ညီမလေး မြန်မြန်နေပြန်ကောင်းပါစေလို့ ကျနော်ဆုတောင်းရင်း စာမေးပွဲကိုလဲ လွယ်ကူစွာဖြေနိုင်အောင် တိုက်ဆိုင်မလားဆိုပြီး ဆုတွေ နေ့စဉ် ညတိုင်း ဘုရားမှာ ဆုတောင်းပြီးမှ အိပ်ခဲ့တာပါ ဗျာ။
ဘာလို့ အဲ့လိုတွေ ကျနော် လုပ်နေရတာလဲ ဆိုတော့ ကျနော်ညီမလေးကို ချစ်မိသွားတာဗျာ့၊ နောက်ပြီး သူ့မှာ မောင်နှမ တွေလဲ မရှိဘူးတဲ့လေ ၊
သူငယ်ချင်းတွေကလဲ သူ့မှာ မ၇ှိသလောက်ရှားနေတယ် ဆိုပါလား။
အဲ့ ဒါတွေကြောင့်လဲ ပါတာပေါ့ ဗျာ ။ ကျနော် ညီမလေး အတွက်ဆို ဘာတွေပဲလုပ်ပေးရ လုပ်ပေးရ ဆိုပြီး ရည်ရွယ်ခဲ့ပါတယ် ။
ဖုန်းတွေကိုလဲ ညစဉ် လိုလို ခေါ်ဖြစ်ခဲ့ပါသေးတယ် ။ကျနော့် ညီမလေး မှာစာမေးပွဲဖြေနေတဲ့ အချိန်မှာ ညီမလေး ကိုဘယ်သူတွေက အားပေးစကားပြောကြမှာလဲ ၇ှိရင် တော့ ကောင်းတာပေါ့ ဗျာ။
ကျနော် နေ့တိုင်း အားပေးစကားတွေပြောခဲ့ပါတယ် ။
နောက်ဆုံး ညီမလေး ဖျားတာ အသံတောင် မထွက်နိုင်တော့ဘူးလေ
ကျနော့်မှာ စိတ်မကောင်းလိုက်တာဗျာ ကျနော်ညီမလေးမှာ တကယ်ကို အသံမထွက် တော့ဘူးဗျာ ။လုံးဝ အသံ ဝင်သွားတော့ပေါ့ ။
အဲ့ ဒိနေ့က ဖုန်းတောင် ပြန်မပြောနိုင်ခဲ့ဘူးလေ။
သူ့ သူငယ်ချင်းတစ်ယောက်ကိုပြောခိုင်းတယ်လေ
သွန်းမြတ်နိုး အသံမထွက်တော့လို့ ဖုန်းမပြောနိုင်ပါဆိုပြီး လာပြောပေးတယ်လေ ။ ဒါကြောင့်
ညီမလေး အပေါ် ကျနော့်အချစ်တွေ တကယ်ဖြူစင်ရိုးသားတယ် ဆိုရင် ကျနော့် ညီမလေး အမြန်ဆုံး ပျောက်ကင်းရပါလို့၏လို့ ဘုရားမှာ တောင်ဆုတောင်းခဲ့ပါသေတယ် ဗျာ ။
ကျနော့်ညီမလေး မြန်ဆုံး သက်သာပျောက်ကင်းပါစေ
အရှင်ဘုရား ..............။