ဒီနေ့ ကျနော့်ညီမလေးအွန်လိုင်းလာသွားတယ်
ဒါပေမဲ့ ဗျာ ကျနော်မတွေးရဲတဲ့အဖြစ်မျိုးကြီးဖြစ်သွား.တယ်......။တကယ်ဆိုရင် အစနေ့ ကတည်းက အိမ်ပြောင်းစရာရှိလို့ နောက်မှ ပေးမယ်ကိုကြီးလို့ ပြောသွာခဲ့ရင် အခုလို မလိုအပ်တဲ့
အရာတွေဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့  ကျနော်ထင်တယ်လေ ...။
ကျနော်ပဲမှားသလား ညီမလေးပဲမှား သလားဆိုတာတော့ ...
မသိတော့ပါဘူးဗျာ...............
ညီမလေးက ကနော့်ကိုဘာတွေပြောသွားတယ်မှတ်လဲ.......... ကိုကြီးက သွန်းကို စိတ်ဆိုးနေတယ်ဆို..........တဲ့
နောက်ပြီး အိမ်လိပ်စာပေးရင်လဲ ဘယ်တော့မှမလာဘူးလို့ပြောတယ်ဆို........တဲ့လေ ဗျာ။
ဒါ့ကြောင့်သွန်း ကိုကြီး ကို လိပ်စာမပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီတဲ့လေ ဗျာ.................။
အဲ့လိုကြီး ကျနော့် ကိုညီမလေးက ပြောသွားတော့ ကျနော်တော်တော်လေးခံစားခဲ့ရတယ်ဗျာ....။
အဖြစ်ကတော့ဒီလိုဗျာ...... အဲ့ဒိနေ့ကကျနော် အလုပ် လုပ်နေပင်မဲ့ ကျနော့်သူငယ်ချင်းမိုးဝင်း က အိမ်မှာ ရှိနေတဲ့နေ့ ပေါ့......။
သူကလဲ အရင်နေ့တွေက မသုံးဖြစ်တာများပါတယ်ဗျာ....။
အဲ့ဒိနေ့ကြမှ ဘာစိတ်ကူးပေါက်လဲမသိဘူး ကျနော့် ညီမလေးနဲ့  အွန်လိုင်းမှာသွားတွေ့တယ် ဗျာ .....။အရင်နေ့တွေကဆို မနက်ခင်းအလုပ်ကပြန်လာတာနဲ့ အိမ်ရောက်ရင်တန်းအိပ်တဲ့ကောင်ကလေ.....။
သူကတော့ ကျနော့်စိတ်မကောင်းဖြစ်နေတာကို သိလို့ ကူညီပြီးပြောပေးတာတဲ့လေ ...။။
ဒါပေမဲ့ သူကူညီလိုက်မှ ပိုဆိုးသွားတယ်လေဗျာ..............။
စကားပြောမတက်တော့ ကူညီရာမရောက်ပဲ နှောက်ယှက်သလိုဖြစ်သွားတာပေါ့.........။
ကျနော်လဲ သူ့ကိုစိတ်တိုတိုနဲ့ ပြောပစ်လိုက်တယ်ဗျာ မရိုက်ယုံပဲကျန်တော့တာလေ...။
သူ့မှာလဲကျနော့်ကိုတောင်းပန်ရှာတယ်လေ.........။
ဒါပေမဲ့ သူတောင်းပန်တာကလွယ်တယ်လေ........... လောလောဆယ် ကျနော့်ညီမလေးက ကျနော့်အပေါ် အထက်လွဲသွားတာကို ဘယ်လိုဖြေရှင်းရမလဲ ...........။
နဂိုကတည်းက ညီမလေးက ကျနော့်ကို ပြောပြဖူးတယ်လေ
ကိုကြီး သွန်းက စိတ်ကြီးတယ် စိတ်ကောက်တက်တယ်တဲ့လေ ကိုကြီးသွန်းကိုချစ်တယ်ဆိုရင် ချော့ရမှာနော်......တဲ့လေ ။
အဲ့လို ပြောထားတဲ့ကြားကနေ အခုလို မဟုတ်မမှန်တဲ့စကားကို ညီမလေး က တကယ်ထင်မိလိုက်တော့
ကျနော့်အပေါ် စိတ်ဆိုးပြီပေါ့ဗျာ ဒေါ်သတွေမထွက်ပဲနဲ့ နေပါတော့မလား။။။။။။။။။ ကျနော်သိတာပေါ့..............
ညီမလေး နဲ့ ကျနော့် အွန်လိုင်းအပြင်ဖုန်းနဲ့စကားတွေပြောခဲ့ ကတည်းက ကျနော်သိခဲ့တာပါ...........။
ညီမလေးက စိတ်ကြီးတယ်၊ သူ့ကိုစရင်လဲ အများကြီး စလို့မရဘူး.....၊
သူ့ကို ကျေနပ်စရာ ဆုံးမစကားလေးတွေပြော ရင် သူနာခံတယ်လေ နားထောင်တယ်ပေါ့.....။ ကွယ်ရာမှာတော့ မသိပါဘူး .........။။ေ၇ှ့တင်တော့အင်း.... ဟုတ်ကဲ့ဆိုပြီး နောက်ကွယ်မှာ
လုပ်ချင်တာ လုပ်နေရင်တော့ ကျနော် ကံဆိုးတာပေါ့ဗျာ.....။။။။။
ကျနော့် ညီ အငယ်ဆုံး လေးလိုပေါ့ ...... ကျနော်ကပြောတယ်လေ .....
ညီလေး.. လို့ ကျောင်းမှာ ကစား ရင်လဲ အင်္ကျီကို ရွံ့တွေပေကျံအောင် မကစားနဲ့လို့ပြောထားတာကို
အိမ်ပြန်ရောက်ရင် အင်္ကျီအဖြူက အမည်းဖြစ်တော့မယ်.......။။။
ညီးလေး မင်း ဘယ်လိုများ ကစားတာလဲကွာလို့မေးတော့ နပန်း လုံးတယ်၊ လက်သီးထိုးတယ်.၊ သေနတ်ပစ်တိုင်း ကစားတယ်တဲ့လေ ။ အဲ့ဒါနဲ့ ကျနော်လဲ ဒုတ်နဲ့ ဆုံးမလိုက်တာပေါ့ ......။
ကျနော်က ပြောထားတဲ့ အတိုင်း တကယ်လုပ်တက်တာဆိုတော့ ကျနော့်ကိုပဲ သူကြောက်တယ်လေ...။
ကျန်တဲ့သူတွေကိုတော့ အရုပ်ပဲလေ .....။။။။။။။။ အငယ်ဆုံးဖြစ်နေလို့ အလိုလိုက်ထားကြတာလေ ...။
ဪ..... ကျနော်ညီမလေး ဆိုးတယ်ဆိုတာကတော့ ကျနော် ညီလေး ကိုတော့ မှီမယ်မထင်ပါဘူးဗျာ..........။
ညီမလေး ဘယ်လိုပဲ ဆိုးဆိုး ကျနော် ချော့နိုင်ပါတယ်.....ညီမလေးသာ ကျနော့် တစ်ယောက်တည်းကိုပဲ ချစ်နေပါစေ.......။။
အခုဖြစ်သွားတဲ့ ညီမလေး ကျနော့် အပေါ်အထင်လွဲသွားတာကြီးကလဲ ........... တော်တော်လေးကို ပြန်တောင်းပန်ရတော့မှာလေ။ မယုံရင်တော့ သွားပြီ ကျနော့်အချစ်တွေတော့သွားပြီ ဗျာ.........။
အဖြစ်ကဒီလိုဗျာ့ ကျနော်ကညီမလေးဆီမှလိပ်စာရရင် ညီမလေး မခေါ်ပဲနဲ့တော့ ဘယ်လိုနည်းနဲ့သွားလို့မဖြစ်ဘူးလို့
သူငယ်ချင်းကိုပြောပြထားတာလေ.......။
အဲ့ဒါကို သူငယ်ချင်းလုပ်သူက ဘယ်လိုပြောလိုက်တယ်မှတ်လဲ............။
အစ်ကို မင်းသူကပြောတယ်တဲ့
အစ်မ လိပ်စာပေးရင်လဲ ဘယ်တော့မှမလာဘူးတဲ့လေ .........။
ကြည်ပါဦးဗျာ.........။ တစ်ဖက်က မိန်းကလေးဖြစ်သူ ကျနော့်ညီမလေး ဘယ်လောက်ထိခံစားရမလဲ.......။
ဒီကောင် နဲနဲလေးမှမတွေးမိဘူးလား မသိပါဘူးဗျာ.........။။
ကျနော်က စကား တစ်ခွန်းကို သေသေချာချာဆင်ခြင် သုံးသပ်ပြီးမှပြောတက်တယ်....ဒါကလဲ သတိ တစ်ခုပဲလေ ........။
စကားပုံလဲရှိပါတယ်....။ ( ကြက်မတွန် မှီမှာ တောင်ပံ ၃ ခါ အနည်းဆုံးခတ်ကြတယ်လေ) ။
လူတွေလဲ စကားတစ်ခွန်းကိုမပြောခင်မှာသုံးသပ် ဆင်ခြင်းရမယ် လွယ်လွယ်မပြောရဘူးဆိုတဲ့ ဆိုတဲ့ သဘောပေါ့....။ ကျနော် အဲ့ လောက်အထိ ညီမလေး အပေါ် အလေးအနက်ထားပြီးချစ်ခဲ့တာဗျာ့..... ။။။
ဒါပေမဲ့ ဗျာ ကျနော် ညီမလေးကို အသက်ထက်မက ချစ်နေတာတွေ၊ တကယ်အလိုလိုက်ပြီးချစ်နေတာတွေ၊ တကယ်လိုလားစွာနဲ့ ချစ်နေတာတွေ၊
တကယ်မြတ်မြတ်နိုးနိုးချစ်နေတာတွေ၊ တကယ်တန်းဖိုးထားတာတွေ...
အို...............အစသဖြင့်ပေါ့ဗျာ.............။
အဲ့ ဒါတွေကို ညီမလေး အကုန်လုံးသိသွားမှာကို မကြောက်ပေမဲ့လည်း
ညီမလေး ကျနော့်အပေါ် ပိုပြီး ဆိုးလို့  ပိုပြီး နိုင်ယူမှာထက်.....။
ကျနော့်ရဲ့ အချစ်တွေကို အကွက်ရွှေ့  ပြီး အနိုင်ပိုင်းသွားမှာကို ကျနော်အကြောက်ဆုံးပဲဗျာ.......။
ဆိုရိုးစကားရှိတယ်လေ ဗျာ.... အလိုလိုက်လွန်းရင် အမိုက်စော်ကား တက်တယ် တဲ့လေ ...။
အဲ့ဒါကြောင့် ညီမလေးအတွက် ကျနော့်ရင်ထဲမှာ အနှိုင်းမဲ့တဲ့ ချစ်ခြင်း မေတ္တာ တရာတွေ
အပြည့်ရှိနေတာကို ညီမလေးနဲ့ တွေ့ခွင့်ရတဲ့ တစ်နေ့ ကြရင် တော့ ပြောပြမယ်လို့  ရည်ရွယ်ထားပါတယ်........... ကြောက်ကြောက်နဲ့ ပေါ့..............။
အခုတော့ ကျနော့် ညီမလေးက လိပ်စာကို မပေးတော့ဘူးလို့  ဆုံးဖြတ်လိုက်ပြီ တဲ့စကားကြားလိုက်ရတော့ ............ဗျာ
ကျနော့်ရင်ထဲမှာ အကောင်အထည်ဖော်ချင်နေတဲ့ အိမ်မက်တွေ
ရိုက်ချိုးပစ်လိုက်သလိုပဲဗျာ.............. ကျနော် အရမ်းပဲ ခံစားခဲ့ရပါတယ်............။