Sunday, December 25, 2011

နံပါတ် ၁၉။ ။ Fri, Dec 2, 2011 at 01:14 AM

ဒီနေ့မှ  ညီမလေး အွန်လိုင်းကို တက်ဖြစ်တယ်လေ
ဘာဖြစ်လို့လဲဆိုတော့ သူကျနော့်ဆီ  စာပို့ထားလို့လေ
ရန်ကုန်ကိုရောက်နေတာကြာပါပြီးတဲ့ အန်တီ လေးကအွန်လိုင်း မတက်ခိုင်းလို့ မသုံးဖြစ်တာပါတဲ့လေ။
 အခုလိုသိရတော့မှပဲ  ကျနော့်စိတ်တွေ ဂနာ ငြိမ်ရပါတော့တယ်ဗျာ။။။
နို့မို့ဆိုရင် ကျနော့်မှာလေ  ပုသိမ်ကို ဖုန်းဆက်လို့လဲမရ အွန်လိုင်းမှာစောင့်ကြည့်တော့လဲ မတွေ့နဲ့ ဗျာ ............
ကျနော့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး ဗျာ............။
အဲ့လောက် အထိပူပင်ခဲ့တာလေ ဗျာ ။
အစကတော့ ညီမလေးကို ကျနော် မယုံရဲယုံရဲနဲ့ချစ်ခဲ့တာလေ..........။
နောက်ပိုင်းမှဖြေးဖြေးချင်း ယုံကြည်လာတာပေါ့ ။။
 ဘာလို့ ကျနော်အဲ့လိုမျိုးပြောရတာလဲ  ဆိုတော့
ညီမလေးကကျောင်သူ ကျနော်က အပြင်လူလေဗျာ......
ကျောင်သူဆိုတော့  ယောက်ျားလေးသူငယ်ချင်းတွေ ရှိကြမှာပေါ့..........။
ရည်းစားဆိုတာကလဲ  မလိုချင်လို့သာ မရှိနေရမယ်........။
တကယ်၇ှာချင်တယ်လိုချင်တယ်ဆိုရင် အလွယ်လေးပဲလေ
အင်တာနက်ခေတ်ကြီးကလဲဖြစ်နေတော့ ရည်းစားစကားအပြင်မှာမပြောရဲတဲ့ သူတောင်အွန်လိုင်းဆိုတော့ လူမြင်ရတာမဟုတ်ပဲနဲ့ လွတ်ပြောလိုက်ပြီး
အပြင်မှာတွေ့ဖို့ချိန်းလိုက်ရင်ကော...........
  ၃-  ၄ -၅ ရက် အတွင်းမှာ ရည်းစားမဖြစ်နိုင်ဘူးလို့ ဘယ်သူကပုံသေပြောရဲလဲ............။
တကယ်မိန်းကလေးဘက်က  မလိုအပ်ဘူးဆိုရင်တော့ ဖြစ်ဖို့ခတ်ခဲပါတယ်လေ.............။
ကျနော်တို့ မြန်မာမိန်းကလေးတွေ အွန်လိုင်းမှာတွေ့ဖို့ချိန်းတယ်ဆိုရင်
သူငယ်ချင်းတွေနဲ့ သွားတွေ့သင့်ပါတယ်........။
တစ်ယောက်တည်းသွားတွေ့တယ်ဆိုတာက မဖြစ်ရင်တော့ကောင်းတာပေါ့ဗျာ........။
သူစိမ်းတစ်ယောက်ကိုသွားတွေ့ဖို့ဆိုတာအဲ့လောက်ကြီး  အတင့်မရဲသင့်ဘူးလေ သူငယ်ချင်းအဖော်လေးခေါ်သွား ချိန်းထားတဲ့နေရာရောက်ရင် သူပြောသလိုတစ်ယောက်တည်းပဲနေလိုက် 
သူငယ်ချင်းတွေကို မသိမသာအဝေးကနေကြည့်ခိုင်းထားပေါ့........။။
၂ ခါ၃ ခါလောက်အဲ့လိုလေးလုပ်ပြီး သွားတွေ့မယ်ဆိုရင် နောက်ဆိုသူ့ကိုယုံလို့ရသွားတာပေါ့............။
သိုသော်လည်း............ မေးလ် တွေထဲမှာေ၇ာက်လာတဲ့  ဟာတွေကတော့တကယ်လား  အတုတွေလားတော့ကျနော်လဲ မသိပါဘူးဗျာ..........။
ရန်ကုန်မှာ အများဆုံးပေါ့............
အွန်လိုင်းမှာ ချိန်းတွေ့ကြပြီး   အဓဓ္မ အပြုခံလိုက်ရတယ်ဆိုတဲ့ သတင်းတွေကလဲ 
မေးလ်တွေနဲ့မကြာမကြာရောက်လာတယ် လေ .....
ဂျာနယ်  တွေထဲမှာလဲ  ပါလာတာပါပဲဗျာ။။။။။။။။။။။။။။။။။
အဲ့ဒါတွေကြောင့်လဲ  ကျနော့်ညီမလေး  ကို  အရမ်းစိတ်ပူနေရတာလေ
ဒါပေမဲ့ ကျနော့်ညီမလေးက  ကျနော့် စကားကိုနားထောင်မှာတဲ့လေ  
ကျနော်မကြိုက်တာတော့ ကျနော်ညီမလေး  လုပ်မယ်မထင်ပါဘူးဗျာ
ဘာဖြစ်လို့အဲ့လိုပြောရတာလဲ ဆိုတော့
ညီမလေးက  ကျနော့်ကို အရမ်းချစ်တာတဲ့လေ 
ဒါကြောင့် ကျနော့်စကားတွေကို  သူနားထောင်မှာပါလေ

ကျနော်ကရော ညီမလေးကို မဟုတ်တာတွေပြောပါမလား။။။။။။။။။။။။
ညီမလေး   အိပ်မက်  လှလှ   မက်ပါစေ  အကိုလဲအိပ်တော့မယ် လေ ။။။။

နပါတ် ၁၈ ။ ။ Tue , Nov , 29, 2011 at 01:06 AM

 ဒီနေ့ညီမလေးရန်ကုန်ပြန်ရောက်မယ်လို့ပြောတယ်
မေးလ်လဲပို့ထားတာမတွေ့ပါလား 
ဓါတ်ပုံတွေလဲရိုက်ထားတာအများကြီးတဲ့လေ
ကျနော့်ဆီပို့ ပေးမလို့တဲ့လေ ကျနော့်ညီမလေးရဲ့
ချစ်စရာ အလှလေးကိုကျနော်မြင်ရတော့မှာဆိုတော့ ကျနော့်အရမ်းပျော်နေပါတယ်ဗျာ ။ဒါပေမဲ့ဒီနေ့ညီမလေးအွန်လိုင်း မလာဖြစ်ဘူးနဲ့တူပါတယ်ဗျာ။ စာတောင်ပို့ထားတာမတွေ့ရပါလား။။
ညီမလေး ရန်ကုန်ပြန်မရောက်သေးဘူးလားမသိပါဘူး။
ဘာတွေများဖြစ်နေတာလဲညီမလေးရယ်...........။
ကိုကြီး စိတ်ပူလိုက်ရတာ ညီမလေးရယ်.........။
ကျနော့်ညီမလေး နေပြန်ကောင်းတာရောသေချာရဲ့လား။။
ရန်ကုန်ရောက်မှပြန်ဖျားနေရောလား........... အို.................
မဖြစ်နိုင်လောက်ပါဘူးလေ.....................။
တစ်ခြားအကြောင်းကြောင့်နေမှာပါလေ...................။
ကျနော်ထင်သလိုတော့ ညီမလေးမဖြစ်ပါစေနဲ့
ညီမလေး  ကျန်းမာပါစေ ဗျာ.......................။
ကျနော် ညည  အိပ်ရာဝင်ခါနီးတိုင်း ဘုရားရှိခိုးတယ်
 နောက်ဆုံးမှာ ဆုတွေတောင်းတယ် လေ.........။
ဖေဖေ နဲ့  မေမေ အတွက်ဆုတွေတောင်းပြီးရင် ကျနော် ညီမလေး အတွက် ဆုတောင်းမေတ္တာတွေပို့ပေးပါတယ်ဗျာ..............။။။။။။။။။။။


ဘယ်လိုကြောင့် မို့လို့များ ကျနော့်ညီမလေးက  ကျောင်းတက်နေတုန်း
အဖျားတွေဝင်လာရတာလဲ........ ညီမလေးကတော့ပြောပါတယ်
အရင်နှစ်ကလဲအဲ့လိုပဲတဲ့ လေ........  စာမေးပွဲဖြေခါနီးဆိုရင်ဖျားတာပဲတဲ့လေ။။။။။။။။။။

ကျနော်လဲပြောမပြတက်ပါဘူးဗျာ  ညီမလေး ရေချိုးမှား
အစားမှားလို့ပဲနေမှာပါလေ..........။
ကျနော့်ညီမလေး  အမြဲတမ်းကျန်းမာပျော်ရွှင်လျှက်
နေနိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။။