Monday, December 5, 2011

နံပါတ် ၀၈ ။ ။Tue, Nov 1, 2011 at 01:57 AM

ဒီနေ့ ညီမလေးနဲ့  အွန်လိုင်းမှာ စာရိုက်ပြောရတာ အားမရလိုက်တာ
 လက်ကနာ နေတော့ ညီမလေး မေးတာတွေ ကိုကျနော့်မှာ 
အကုန်မဖြေနိုင်ခဲ့ဖူးလေ နောက်ပြီးစာရိုက်တာကနှေးနေတော့ 
ကျနော့ကို တစ်မျိုးမြင်မှာကိုလဲ ဆိုးရိမ်ရသေးတယ်။
ညီမလေး အွန်လိုင်းမှာ ရှိနေတဲ့ အချိန်တိုင်း ကျနော်ဘယ်သူ့ 
ကိုမှ စကားပြန်မပြောခဲ့ပါဘူး။ညီမလေးထက် အရေးပေးရမဲ့သူလဲ 
အွန်လိုင်းမှာ မ၇ှိပါ ဘူး။
ကျနော် လက်ခိုက်မိတာကြောင့် 
ကျနော့ညီမလေး တော်တော် စိတ်မကောင်းဖြစ်၇ှာနေတယ်နဲ့တူတယ်ဗျာ
ညီမလေးရယ် ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ နော်
လို့ ကျနော် သူ့ ကိုပြန်ပြောလိုက်ပါတယ် ။
ညီမလေး  ကျနော့် အပေါ်ကို နာလည်ပေးတဲ့အတွက်ကိုပဲ
ကျနော်ကျေးဇူးတင်နေတာပါ ။
ညီမလေးက ကျနော့် ကို ဆုတွေလဲ တောင်းပေးသွားတယ် 
လက်ကအနာ မြန်မြန်ပျောက်ပါစေတဲ့လေ။
ညီမလေး  ကျနော့်ကြောင့်  စိတ်မကောင်းဖြစ်နေရတယ်ဆိုတာ 
သိလိုက်ရတော့ ကျနော် ပိုလို့ ၀မ်းနည်းမိပါတယ် ။။။
ကျနော် အသုံးမကျခဲ့တာပါ  အလုပ်ထဲမှာ အာရုဏ် နည်းခဲ့လို့ ပေါ့။
နောက်ပြီး  ညီမလေးကို  သတိရနေတဲ့  စိတ်တွေလဲပါဝင်နေတာပေါ့။
ညီမလေးကလဲ ခတ်တယ်ဗျာ  ပိုက်ဆံပြတ်နေတယ်လဲပြောသေးတယ် 
 ကျနော် ပို့ပေးမယ်လို့ ပြောတော့လဲ  လက်မခံဘူးလေ။
ကျနော် က သူ့ ရဲ့အချစ်ကိုစမ်းသပ်နေတယ်လို့များထင်နေလားမသိပါ ဘူးဗျာ ။ ကျနော်ကအဲ့ လိုသဘောနဲ့ပြောနေတာ မဟုတ်ပါဘူး။
ကတယ်ကို ညီမလေး ကျောင်းတက်နေတဲ့ အချိန်မှာ အရေးတကြီး
သုံးလို့ရအောင်လို့ ကူညီယုံ သက်သက်ပါ။
ကျနော့်မှာဘာရည်ရွယ်ချက်စိတ်မှ မရှိပါဘူး။
ညီမလေး ဘက်က  တစ်မျိုးမြင်နေရင်တော့ မသိဘူးပေါ့။။
ကျနော် က စေတနာ သန့် သန့် ကူညီဖို့ပြောတာကို 
ညီမလေးက လက်မခံ ဘုးတဲ့လေ ။
သူလက်ခံရင်တော့ ကျနော်ပို့ ပေးဘို့အဆင်သင်ပါပဲ။
ညီမလေး  သတိရနေပါတယ် ကွာ။။။
အရမ်းလဲ ချစ်တယ်  နော် .....
အစ်ကို အိပ်တော့မယ်  ဘိုင့်    ဂွတ်နိုက်  နော် 
ညီမလေး   အိပ်မက်လှလှ  မက်ပါစေ။။။။။။။

နံပါတ် ၀၇ ။ ။ Thu, Oct 27, 2011 at 01:30 AM

ဒီ နေ့လေးက    ကျနော် ထီပေါက်တဲ့
နေ့လေးတစ်နေ့ပေါ့ ........အယ်ဟုတ်ဘူး.....
သိန်းထီကြီးပေါက်တာထက် ပျော်စရာကောင်းတယ် လို့ ပြောရမှာ။
တကယ်ပြောတာပါ ။  ဘာပြုလို့လဲဆိုတော့ 
ကျနော် သိပ်ချစ်နေရတဲ့ သွန်း ဆိုတဲ့ညီမလေးနဲ့
ချစ်သူတွေဖြစ်ခွင့်ရတဲ့နေ့မို့လို့ပဲလေ ။။
ဘာပဲဖြစ်ဖြစ် တစ်သက်လုံး မှတ်ထားရမဲ့ ရက်စွဲလေးတစ်ခုပေါ့
   
၂၀၁၂ အောက်တိုဘာလ ၂၇ ရက်-ကြာသာပတေးနေ့
အဲ့ ဒိနေ့ပေါ့ ကျနော် ညီမလေးဆီမှ ချစ်တယ်  ဆိုတဲ့အဖြေ ကိုရရှိခဲ့တာပဲ
 တွေးကြည့်ရင် ကျနော် တော်တော် ညံ့တဲ့ ကောင်ပဲ ဗျာ့။
မိန်းကလေး တစ်ယောက်ရဲ့ အမူအယာ ကို အကဲမခတ်တက်တာ 
ကျနော် ညံ့လွန်းတယ် နော် ။

ကျနော်ကသာ မသိတာ ။ ကျနော် ညီမလေးကို ချစ်နေတာတွေကို 
သူကသိနေတယ်လေ။ ကျနော် ဖွင့်ပြောချင်နေတာတော့ကြာပါပြီ
ဒါပေမဲ့  အွန်လိုင်းဆိုတော့ခတ်တယ် ဗျာ့။ တွေ့လဲမတွေ့ရဘူးလေ။
နောက်ပြီးကျနော်ပြောရင်ရောသူ့ဘက်ကယုံကြည့်မှု အပြည့်နဲ့
လက်ခံနိုင်မှာလား ........ဆိုပြီး ဒါတွေကိုတွေးနေခဲ့တာပါ။
ကျနော်ရဲ့  အတွေးကဒီလိုဗျာ့  တကယ့်ကို ကျနော် နဲ့သူ 
ရေစက်ပါ ဖူးစာ ရှိနေမယ်ဆို ---- မြန်မာပြည်ကို
ကျနော်ပြန်ရောက်တဲ့ အချိန်ကြရင် သူနဲ့တွေ့ပြီး  အားလုံးဖွင့်ပြောမယ်
ဆိုပြီးရည်ရွယ်ထားတာလဲရှိတာပေါ့။
ကျနော် သူ့ အပေါ်ချစ်တဲ့အချစ်က 
ပါးပါးလေးမဟုတ်ဘူးလေ...။
 တစ်ဘ၀လုံး အတွက်ရည်ရွယ်ပြီး သီးခံ ခွင်လွှတ်ပြီးချစ်နေမဲ့
အချစ်မျိုးတွေနဲ့ အကြီးကြီးချစ်သွားမှာ ဗျာ့ ။
အဲ့ ဒါတွေကို  အွန်လိုင်းမှာ ဖွင်ပြောလိုက်ရင် 
ကျနော့်ရဲ့အချစ်တွေကို တကယ်အပြည့်အ၀  သူကမယုံကြည်ခဲ့
ဘူး  လို့ ဆိုမှာကို  ကျနော် အကြောက်ဆုံးပဲ လေ..........။
အခုတော့ စိတ်အေးခဲ့ရပါပြီ  ......။
ကျနော့်ရဲ့ အချစ်ကို သူလက်ခံ နိုင်တယ်လေ။
ကျနော် ၀မ်းသာလို့  အရမ်းပဲပျော်ခဲ့ရပါတယ်။

ဒီနိုင်ငံကို  ရောက်နေတာ ၄ နှစ်သာပြည့်တော့မယ် 

ဒီနေ့ အပျော်ဆုံးနေ့လေး တစ်နေ့ပဲဗျာ.............။

သူများတွေကတော့ ဒီနိုင်ငံမှာပဲ  ချစ်သူရည်စားတွေ 
ကိုယ်စီ ကိုယ်စီနဲ့  ။
ကျနော့်ကြတော့တစ်မျိုးပဲ နော်.........။
ဒီမှာ ကျနော့် စိတ်ကြိုက် မိန်းကလေးတွေ မရှိဘူး လို့ပြောရရင်ကောင်းမလားပဲ။။။
ဒါမှ မဟုတ်ရင် ကျနော့်ရဲ့ ဖူးစား ရှင်ကောင်မလေးက 
မြန်မာပြည်မှာပဲဖြစ်နေလို့ လား။။။

 ဘာပဲဖြစ်၂အခုချိန်မှာတော့  ကျနော်ရည်းစားရနေပြီဆိုတဲ့ အကြောင်းကို
 မေမေ့ ကို ပြောပြရဦးမယ် ။။  ဖေဖေ နဲ့ မေမေ ကတော့ မေးကြမှာပဲ

မလေးရှား နိုင်ငံမှာရနေတာလား လို့ မေးမှာတော့သေချာတယ် ။
ဒီမှာသာရနေလို့ကတော့ အမေ ကပြန်မလာနဲ့တော့လို့ပြောမှာ
သေချာတယ်။ ဒီကို မလာခင် ကတည်းက ကြိုမှာထားတာဗျာ့
မေမေကဘာပြောလိုက်တယ်မှတ်လဲ
သွားတုန်းက တစ်ယောက်တည်းနော် တဲ့
ပြန်လာရင်လဲ တစ်ယောက်တည်းပဲဖြစ်ပါစေ  တဲ့လေ။
ဟဲဟဲ........  ။။။
ဟုတ် ကဲ့ပါ  ever the onlyone ပါလို့ 
အယ်.......ဟုတ်ဘူး.......
အမြဲတမ်းတစ်ယောက်တည်းပဲနေမှာ ပါလို့ ပြောခဲ့တယ် လေ...။

ပြောတာတော့ ဟုတ်ပါပြီ  မင်းချစ်သူကဘယ်မှာနေတာလဲလို့မေးရင်တော့ပြဿနာပဲ။
မြန်မာပြည်မှာလို့ ပဲသိရတာ ဘယ်မှာနေမှန်းလဲမသိဘူး
 လိပ်စာလဲပေးမထား ဘူး ။။  အခုတော့နေပါစေဦး နောက်မှ တောင်းကြည့်ရတာပေါ့။
ပေးပါစေလို့ ဆုတောင်းရမှာပဲ ။။။
ဘယ်လိုကနေ ဘယ်လို ချစ်သူတွေဖြစ်သွားရတာလဲလို့မေးရင် 
ဖြေရခတ်ဦးမယ်  ......ဟီးဟီး
 အင်တာနက် ကနေလို့ ပြောရင်တော့ 
 မင်းရူးနေလား လို့အပြောခံရမှာတော့ သေချာနေပြီ  ။။။။။။။။

မရူး ပါဘူး တကယ့် ဖူးစာ  ရှင်မ လေးတွေ့တာပါလို့ပြောပြလိုက်တာပေါ့
ဟားဟား.........။


ကဲ............အိပ်လိုက်ဦးမယ် ...........  ညီမလေးရေ............။

ဂွတ်နိုက်နော်     အခုလောက်ဆို ညီမလေး  အိပ်နေတာ  သိုးနေလောက်ရောပေါ့။။။။။။။။။။။ ဟီးဟီး။။။။။။။
ရင်ခွင်ထဲမှာ  ဖတ်ထားချင်လိုက်တာ ကွာ.............။

 good night