ဒီနေ့ ညီမလေးနဲ့ အွန်လိုင်းမှာ စာရိုက်ပြောရတာ အားမရလိုက်တာ
လက်ကနာ နေတော့ ညီမလေး မေးတာတွေ ကိုကျနော့်မှာ
အကုန်မဖြေနိုင်ခဲ့ဖူးလေ နောက်ပြီးစာရိုက်တာကနှေးနေတော့
ကျနော့ကို တစ်မျိုးမြင်မှာကိုလဲ ဆိုးရိမ်ရသေးတယ်။
ညီမလေး အွန်လိုင်းမှာ ရှိနေတဲ့ အချိန်တိုင်း ကျနော်ဘယ်သူ့ 
ကိုမှ စကားပြန်မပြောခဲ့ပါဘူး။ညီမလေးထက် အရေးပေးရမဲ့သူလဲ
အွန်လိုင်းမှာ မ၇ှိပါ ဘူး။
ကျနော် လက်ခိုက်မိတာကြောင့်
ကျနော့ညီမလေး တော်တော် စိတ်မကောင်းဖြစ်၇ှာနေတယ်နဲ့တူတယ်ဗျာ
ညီမလေးရယ် ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ နော်
လို့ ကျနော် သူ့ ကိုပြန်ပြောလိုက်ပါတယ် ။
ညီမလေး ကျနော့် အပေါ်ကို နာလည်ပေးတဲ့အတွက်ကိုပဲ
ကျနော်ကျေးဇူးတင်နေတာပါ ။
ညီမလေးက ကျနော့် ကို ဆုတွေလဲ တောင်းပေးသွားတယ်
လက်ကအနာ မြန်မြန်ပျောက်ပါစေတဲ့လေ။
ညီမလေး ကျနော့်ကြောင့် စိတ်မကောင်းဖြစ်နေရတယ်ဆိုတာ
သိလိုက်ရတော့ ကျနော် ပိုလို့ ၀မ်းနည်းမိပါတယ် ။။။
ကျနော် အသုံးမကျခဲ့တာပါ အလုပ်ထဲမှာ အာရုဏ် နည်းခဲ့လို့ ပေါ့။
နောက်ပြီး ညီမလေးကို သတိရနေတဲ့  စိတ်တွေလဲပါဝင်နေတာပေါ့။
ညီမလေးကလဲ ခတ်တယ်ဗျာ ပိုက်ဆံပြတ်နေတယ်လဲပြောသေးတယ်
ကျနော် ပို့ပေးမယ်လို့ ပြောတော့လဲ လက်မခံဘူးလေ။
ကျနော် က သူ့ ရဲ့အချစ်ကိုစမ်းသပ်နေတယ်လို့များထင်နေလားမသိပါ ဘူးဗျာ ။ ကျနော်ကအဲ့ လိုသဘောနဲ့ပြောနေတာ မဟုတ်ပါဘူး။
ကတယ်ကို ညီမလေး ကျောင်းတက်နေတဲ့ အချိန်မှာ အရေးတကြီး
သုံးလို့ရအောင်လို့ ကူညီယုံ သက်သက်ပါ။
ကျနော့်မှာဘာရည်ရွယ်ချက်စိတ်မှ မရှိပါဘူး။
ညီမလေး ဘက်က တစ်မျိုးမြင်နေရင်တော့ မသိဘူးပေါ့။။
ကျနော် က စေတနာ သန့် သန့် ကူညီဖို့ပြောတာကို
ညီမလေးက လက်မခံ ဘုးတဲ့လေ ။
သူလက်ခံရင်တော့ ကျနော်ပို့ ပေးဘို့အဆင်သင်ပါပဲ။
ညီမလေး သတိရနေပါတယ် ကွာ။။။
အရမ်းလဲ ချစ်တယ် နော် .....
အရမ်းလဲ ချစ်တယ် နော် .....
အစ်ကို အိပ်တော့မယ် ဘိုင့် ဂွတ်နိုက် နော်
ညီမလေး အိပ်မက်လှလှ မက်ပါစေ။။။။။။။
ညီမလေး အိပ်မက်လှလှ မက်ပါစေ။။။။။။။
No comments:
Post a Comment