ဒီနေ့က ညီမလေး အဆောင်ပြောင်းတဲ့နေ့လေးပေါ့
သူ့ ဆီဖုန်းမခေါ်လို့တဲ့ ကျနော့်ကိုလဲပြောသွားသေးတယ်
ဟီး ဟီး
အစ်ကိုကြီးက သွန်း ကိုသတိမရတော့ဘူးလားတဲ့...........။
နောက်ပြီးမေးလ်တွေလဲပို့မထားဘူးတဲ့လေ။။
ကျနော် ညီမလေးကို သတိမရပဲ ဘယ်နေပါ့မလဲ။
ရတာပေါ့ ။ ဖုန်းဆက်ချင်ပေမဲ့လဲ money ပြတ်နေတဲ့ အကြောနဲ့
သွားတွေ့နေတာလေ။
ကျနော် ညီမ လေးကိုအချိန်တိုင်းသတိရနေတာ ပါ။
ညီမလေး ကအဆောင်ပြောင်းတော့ ဖုန်းနံပါတ်လဲ
အသစ်ပေးသွားတယ်လေ ပျော်လိုက်တာဗျာ။
ကျနော့်မှာဖြစ် အဆောင်ပြောင်းလိုက်လို့ ဖုန်းနံပါတ် မပေးတော့ဘူးလားလို့ တွေးပူနေတာပါ။
တော်ပါသေးရဲ့ အသစ်ပေးသွားလို့ ။
ကျနော် အဲ့ဒိနေ့ညပဲ မနေနိုင်တာနဲ့ဆက်ဖြစ်အောင်ဆက်လိုက်ပါတယ်။
ညီမလေး ရဲ့ အသံလေးကိုကြားလိုက်ရရင် အဲ့ဒိနေ့ ဗိုက်မဆာတော့ဘူး
ရင်တွေ အလိုလို ပြည့်ပြည့်သွားတယ်။
ဘာဖြစ်မှန်းလဲမသိပါ ဘူး။
အပျော်လွန်းသွားတာပေါ့ ဗျာ။
ညီမ လေးနဲ့ဖုန်းပြောတိုင်း ပိုက်ဆံ ကုန်မှ ဖုန်းကျသွားတာများတယ်။
ဖြစ်နိုင်ရင် တစ်နေ့လုံး တစ်ညလုံးပြာနေရရင် သိပ်ကောင်းမှာပဲ ဗျာ။။
ညီမလေးရယ် .........
အရမ်းချစ်တယ်
ကွာ........
ကွာ........
ကျနော် ညီမလေး ရဲ့ အဆောင်လိပ်စာကို တောင်းပါသေးတယ်။
ဒါပေမဲ့ သူလဲ သိပ်မသိရှာပါဘူး။။
ဘာကြောင့် အဆောင်လိပ်စာကိုတောင်းရသလဲ ဆိုတာကို ညီမလေး
သိချင်မှ သာလျှင်သိနိုင်မှာပါ ။။။
ကျနော့်လို အတွေးသမား ဆိုရင်တော့ သိနိုင်မှာသေချာတယ်လေ
ဒါပေမဲ့ ညီမလေး အဲ့လောက်တွေးမယ်လို့မထင်မိပါဘူး။။
အကြောင်းရင်းကတော့ ကျနော် ညီမလေး ကို အနက်ရှိုက်ဆုံးချစ်မိနေလို့ပဲလေ။။။။
ညီမလေး အခုချိန်မှာ ငွေအရေးတကြီး လိုနေတာကို သိနေရလို့ပါပဲ။။
ကျနော့် အနေနဲ့က မပြောပ လောက်ပါဘူးဗျာ ။
ကျနော်ပြန်ခါနီးကြရင် ဖုန်း ကောင်းကောင်း တစ်လုံးဝယ်သွားဖို့ဆိုပြီး
ဆုထားတဲ့ ပိုက်ဆံ တွေရယ် နောက်ဒီမှာ ကွန်ပျူတာ ဝင်းဒိုး အကြောင်းလျှောက်လေ့လာချင်တဲ့စိတ်နဲ့ သင်တန်းတက်ထားတဲ့ သင်တန်းကျေးပိုက်ဆံတွေ ကျနော်ဆီမှာ ရှိနေတာလေ.......။
သူတို့က ပြန်ခါနီးမှ ပေးလဲရတယ်လေ........။။ ဒါကြောင့် ကျနော် ညီမလေး ကို ကူညီနိုင်တာတောကြောင့်
ကျနော်ပြန်ခါနီးကြရင် ဖုန်း ကောင်းကောင်း တစ်လုံးဝယ်သွားဖို့ဆိုပြီး
ဆုထားတဲ့ ပိုက်ဆံ တွေရယ် နောက်ဒီမှာ ကွန်ပျူတာ ဝင်းဒိုး အကြောင်းလျှောက်လေ့လာချင်တဲ့စိတ်နဲ့ သင်တန်းတက်ထားတဲ့ သင်တန်းကျေးပိုက်ဆံတွေ ကျနော်ဆီမှာ ရှိနေတာလေ.......။
သူတို့က ပြန်ခါနီးမှ ပေးလဲရတယ်လေ........။။ ဒါကြောင့် ကျနော် ညီမလေး ကို ကူညီနိုင်တာတောကြောင့်
ညီမလေးဆီမှ မှတ်ပုံ တင်တောင်းတော့လဲ မပေးဘူးလေ။
သူ့ ကို ကျနော် ကအထင်သေးသွားမှာကို ကြောက်နေတာလေ။
ညီမလေး ကအဲ့လို မိန်းကလေး မျိုး မဟုတ်ဘူးဆိုတာ ကျနော်သိခဲ့ ပါတယ်။
အဲ့ ဒါကြောင့် ကျနော် ညီမလေးဆီသို့ ပိုက်ဆံ ကို ပါဆယ် နဲ့ပို့ပေးဖို့  ရည်ရွယ်ခဲ့တယ်။
လိပ်စာကိုလဲ အတိအကျ ရရှိနေပါပြီ ။
လိပ်စာကို ကျနော် ဘယ်လိုသိခဲ့လဲ ဆိုတာ ကို ညီမလေး မသိခဲ့ပါဘူး။
ညီမလေး အဆောင်မပြောင်းခင်တုန်းကပေါ့။
ပထမ အဆောင်ရဲ့ နာမည်နဲ့ လိပ်စာကို ဖုန်းလာကိုင်တဲ့
ဦးလေး ကြီး တစ်ယောက်ကိုမေခဲ့တယ်လေ။။။
ဦးလေး ကြီး တစ်ယောက်ကိုမေခဲ့တယ်လေ။။။
သူ ကအကုန်ပြောပြတော့တာပေါ့။။။
ကျနော် ပို့ မလို့ စီစဉ်းထားတဲ့ နေ့လေးမရောက်ခင်မှာဘဲ ။
ညီမလေး အဆောင်ပြောင်းလိုက်တယ် လို့သိရတော့တာပဲ။
တော့သေးတာပေါ့ အသိမြန်လိုက်လို့ ။
တမင့်ဆိုရင် ပိုက်ဆံဆုံးတော့မှာလေ။။။။။။ဟီး ဟီး။
ဒါတွေကို ညီမလေးကို ပြောမပြခဲ့ပါဘူး။။။။
ကျနော့် ရဲ့ ရင်ထဲမှာပဲ သိမ်ဆည်းထားခဲ့ပါတယ် ။။
အင်........ အိပ်ချင်လိုက်တာ.....
အင်........ အိပ်ချင်လိုက်တာ.....
ညီမလေး အစ်ကို အိပ်တော့မယ် ကွာ ဘိုင့် ဘိုင် နော် ။။။။။။
ညီမလေး အိပ်မက် လှလှလေးတွေ မက်နေပါစေ ကွာ.......။
No comments:
Post a Comment