ဒီနေ့ ကျနော့် ညီမလေး အသံနဲနဲ ထွက်လာခဲ့ပြီ ဗျာ့ ဟဲဟဲ ပျော်လိုက်တာ ဗျာ.... တကယ်ပါပဲ လေ....။။
အသံထွက်တယ် ဆိုယုံပါပဲဗျာ ချစ်တယ် လို့တောင်ပြောခိုင်း ဖို့အားနာသွားပါတယ် ။။ကျနော် တစ်ယောက်တည်းပဲပြောပြခဲ့တယ် လေ ။
ကျနော့် ညီမလေး နေမကောင်းဖြစ်တော့ ဘာကိုမှ လဲစာချင်စိတ်ရှိမှာမဟုတ်ဘူးလေ ညီမလေးဘေးနားမှာ အနီးကပ်နေပြီး ပြုစု ချင်လိုက်တာဗျာ ဖြစ်နိုင်ရင်သိပ်ကောင်းမှာပဲနော်.........။
ညီမလေး နေမကောင်းဖြစ်နေတဲ့ အချိန်မှာ အရမ်းအားငယ်နေမှာပဲဆိုတာကျနော် သိနေတယ် လေ။ မေမေ ကတော့လာကြည့်သွားတယ် တဲ့လေ ။ ဘာလာလုပ်ပေးသွားတာလဲတော့မသိပါဘူး။သူ့ အမေမေ လာသွားတယ် ဆိုတော့ ကျနော် ဝမ်းသာမိပါတယ် ။ ညီမလေးလဲ အားရှိသွားမှာပေါ့ ဗျာ ။
မိဘ တွေဆိုတာက သားသမီးတွေ နေမကောင်းဖြစ်တဲ့အချိန်ရရင် ဘာမှမလုပ်ပဲ ဘေးနားမှာရှိနေတာကို က အားဆေးတစ်ခွက် အလိုလိုဖြစ်စေတယ်လေ ။ ကျနော်ကိုယ်တိုင်လဲ ဒီနိုင်ငံရောက်တော့ ခံစားမိပါတယ် နေမကောင်းဖြစ်တိုင်း ဖေဖေ နဲ့ မေမေ ကိုအရင် သတိရတော့တာပါပဲ ဗျာ။ မိဘတွေ ရဲ့ ကျေးဇူးတွေကို အဝေးရောက်လေပိုသိလေပါပဲဗျာ။ဒါတွေက သူများနိုင်ငံ ရောက်ဖူးတဲ့သူတိုင်းပိုသိကြပါတယ် ။ကျနော်ပြောပြတာက နဲနေပါသေးတယ် ဗျာ အစားအသောက် အဆင်မပြေတာက အစပေါ့။အိမ်မှာ ဆိုရင် မိဘ တွေ အစ်မ တွေချက်ထားတာကိုပဲ ထိုင်စားခဲ့ရတာလေ ။ အခုတော့ ကိုယ့် အသက်ကို ကိုယ့်ဘာသာမွေးရတာဆိုတော့ ပိုပြီး သတိရမိတာပေါ့။
ဒီလိုနဲ့ပဲ ကျနော် တောင် ၄ နှစ်ပြည့်တော့မယ် ဗျာ့ ။၎ နှစ်ပြည့်ရင် တော့ပြန်မယ် လို့စိတ်ကူထားပါတယ် ညီမလေးနဲ့လဲ တွေ့ဖူးချင်လှပြီ လေ။ ညီမလေး နေမြန်မြန်ကောင်းပါစေလို့ အမြဲတမ်းဆုတွေတောင်းနေရတော့တာပေါ့ ဗျာ ။
No comments:
Post a Comment