ဒီနေ့လေးက ကျနော့်ညီမလေး နေပြန်ကောင်းသွားတဲ့နေ့လေးပါပဲဗျာ။
ကျနော်ပျော်ခဲ့ရတဲ့နေ့လေးပေါ့ ညီမလေးဆီမှ ချစ်တယ်ဆိုတဲ့ စကားသံလေးကိုလဲပြန်ကြားရတော့တာပေါ့ ။
ကျနော် အရမ်းပျော်နေတယ် ဗျာ ။
မနက်ဖြန်တစ်ရက်ပိတ်တယ် တဲ့ နောက်နေ့ တစ်ရက်ဖြေပြီးရင်စာမေးပွဲပြီးပြီတဲ့လေ။ ညီမလေး ရန်ကုန်ကိုပြန်ရတော့မှာတဲ့လေ ကျနော်ဝမ်းနည်းနေမိတယ် ဗျာ
ဘာပြုလို့လဲဆိုတော့ ညီမလေး ရန်ကုန်ပြန်ရောက်ရင် ကျနော်ဖုန်းခေါ်ဖို့မလွယ်တော့ဘူးဆိုတာကို ကြိုသိနေတာပေါ့။
ညီမလေးက အန်တီ လေးနဲ့နေတာတဲ့လေ ။
အန်တီ လေးကသူ့ကိုကျောင်းထားပေးတာဆိုတော့ ညီမလေးရဲ့ကျေးဇူးရင်ဆိုရင်လဲ မမှားဘူးပေါ့။
ဒါကြောင့် ကျနော် ဖုန်းခေါ်ဖို့ဖြစ်နိုင်ပါ့မလား။
ကျနော် ဖုန်းခေါ်လိုက်ရင် ကျနော့်ညီမလေးက ကျေးဇူးရှင်ကို စော်ကား ရာရောက်နေဦးမှာလေ ။ကျောင်းကလဲ မပြီးသေးပဲနဲ့ ရည်းစားတွေထားရလားဆိုပြီး ကျနော့်ညီမလေးပဲ အပြောခံရမှာလေ။
အဲ့ လိုမျိုးတော့ ကျနော် ဘယ်အဖြစ်ခံလိုက်မလဲ ဗျာ။
ကျနော့် ညီမလေး မျက်နှာ ငယ်ရမဲ့ အဖြစ်မျိုးတော့ ကျနော်လုပ်ဖို့ ဖြစ်ပါ့မလား အင်း............. ဒါတွေ ကျနော်သိတာပေါ့။
No comments:
Post a Comment