Friday, December 2, 2011

နံပါတ် ၀၅ ။ ။ Thu, Oct 20, 2011 at 01:35 AM

ဒီနေ့ညီမလေးနဲ့တွေ့ရတာ
နောက်ဆုံးနေ့များလား လို့ကျနော်တွေးပူနေမိတယ်။
မနက်ဖြန်ဆို ညီမေလေးက ပုသိမ်ကိုသွားရတော့မယ်တဲ့လေ။
ကျနော်လဲလိုက်သွားချင်လိုက်တာ ဟားဟား....။
ညီမလေးကဒီနေ့ ကျနော့်ကိုပြောသွားတယ် အွန်လိုင်းမှာ တစ်နေ့လောက်မတွေ့ရတာကို အကြာကြီးထင်နေလို့တဲ့လေ။
နောက်ပြီးသတိရတဲ့အကြောင်းတွေလဲပြောသွားသေးတယ်။
အစ်ကိုကြီးတစ်ယောက်လိုလဲ အရမ်းခင်တာပဲတဲ့  ဟားဟားဟား။
ဘာတွေပြောနေတာလဲ မသိပါဘူး။ အွန်လိုင်းရောက်လို့ ကျနော့်ကိုမတွေ့ရင် သတိရတယ် ဆိုတဲ့ စာသားတွေ ပို့ထားတော့တာပဲ။
ကတယ်ပဲ ကျနော့်ကို သတိရနေတာလား။ တမင်လုပ်ကြံပြောနေတာမျိုး
မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲလေ။။။။။။။။။
အမှန်အတိုင်းပြောရရင်ကျနော် ကသူ့ထက်ပိုနေမှာပါ ။။။။။။။။
အဲ့ ဒါတွေကအရေးမကြီးပါဘူး ။ကျနော့်ညီမလေး ပုသိမ် ရောက်ရင်
ဘာတွေလိုအပ်နေမလဲ။ တစ်ယောက်တည်းသွားရတာနဲ့တူပါရဲ့ ရန်ကုန်ကသူငယ်ချင်းတွေ မပါလောက်ဘူးနဲ့တူတယ်။ တစ်ယောက်တည်းဖြစ်ဖို့ကများပါတယ်။ညီမလေး သနားပါတယ်။
တစ်ယောက်တည်းကြောင်တောင်တောင် နဲ့နေမှာပေါ့နော် ......။
ဟိုရောက်ရင်တော့ သူ့ သူငယ်ချင်းတွေ့နဲ့တွေ့မှာပါလေ။
ညီမလေး  အစစ အရာရာ အဆင်ပြေပါစေလို့ဆုတောင်းပေးနေပါတယ်ညီမလေးရယ်.....။
 good night 
naw  nyi ma  lay............  bey   bey
 

No comments:

Post a Comment