ဒီနေ့ အွန်လိုင်းမှာ ညီမလေး ကိုတွေ့တော့ သူကကျနော့်ကိုဘာပြောတယ်မှတ်လဲ
ကိုကြီး ကိုမခေါ်တော့ဘူးတဲ့လေ.....။ဘာပြုလို့လဲ မေးတော့ မနေ့က သူ့ကိုကျနော်ကငိုအောင်လုပ်လို့တဲ့လေ။ကျနော်စိတ်တိုပြီး ဂျီတော့ ပိတ်လိုက်တာကိုသူတကယ်ပဲငိုသွားတာလား။ဘာလို့သူကအဲ့လိုငိုရတာလဲ ငိုတာတော့ မဖြစ်နိုင်လောက်ဘူးထင်ပါတယ်။ဒီ ကလေးမ ပရိယာယ်လာသုံးနေတာလား။သူပြောနေတဲ့ပုံအရဆိုရင်တော့ စိတ်မကောင်းဖြစ်သွားတာတော့သေချာလောက်တယ်။ငိုတယ်ဆိုတာတော့ ဟဲဟဲ တားတား သိပ်မယုံချင်ဝူး.......။ဘာမှလဲမဆိုင်ပဲနဲ့များ ဘာလို့ငိုမှာလဲ ။ ထားပါတော့လေ.......သူငိုတယ်ဆိုတော့လဲ လိုက်ငိုလိုက်ပေါ့.....။အဲဒါနဲ့ ကျနော်လဲ မနေ့ကကျနော့် အပြစ်တွေကို သူ့ ကိုပြန်တောင်းပန်လိုက်ပါတယ်။ကတယ်တော့အမှန်အတိုင်းပြောရရင် ကျနော်လဲ စိတ်မကောင်းဖြစ်ခဲ့ပါတယ်.........။သူ့လိုတော့မငိုပါဘူး ဘာလို့ငိုရမှာလဲ ရှက်စရာကြီး ဟားဟား.......။ဒီလိုနဲ့သူ့ ကိုပြန်ချော့ရင်း ကျနော့်စိတ်ထဲမှာ ချစ်သူ ရရှိနေသလို ရင်ထဲမှာအရောင်တွေသန်းလာနေသလိုပဲ.........။
သူကစိတ်ကောက်တယ်ပြောတော့ သိပ်ချစ်တယ်
ညီမလေး ရယ်.........လို့ပြောလိုက်ချင်နေတာပါ......။
ဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတာကိုသိနေတော့ မပြောရက်ခဲ့ပါဘူး.......။
ပြောလိုက်မှဖြစ် ကျနော့် ကိုရွံတယ်ဆိုပြီး block လိုက်ရင်ကျနော်ပဲ
ခံစားနေရမှာလေ......။ဒါတွေကိုကြိုသိနေတာပေါ့........။
ညီမလေးရယ် အစ်ကို့ရဲ့ အချစ်တွေကို ညီမလေးသိအောင်
ဘယ်လိုဖွင့်ပြောရမလဲဟင်။ ညီမလေးရယ် ဖွင့်မပြောပဲသိရင် သိပ်ကောင်းမှာပဲနော်.............။အယ်........အဲ့လိုကြတော့လဲ
အစ်ကိုက ဖွင့်ပြောဖို့တောင် သတိမရှိဘူးလားဆိုပြီး အပြောကခံရဦးမယ်နော်။။။။။။။။ဟီးဟီး
သတိရနေ ပါတယ်ညီမလေး ရယ်............ ညီမလေးလိုပါပဲကွာ.........။
အစ်ကိုအိပ်တော့မယ်ညီမလေး ဂွတ်နိုက်နော်.........ညီမလေး
အိပ်မက် လှလှ မက်ပါစေ............။

No comments:
Post a Comment