Wednesday, December 7, 2011

နံပါတ် ၁၁။ ။ Fri, Nov 11, 2011 at 01:46 AM

ဒီနေ့ မနက် ကျနော် ညီမလေးဆီ ဖုန်းဖက်ပြီး မေးကြည့်ဦးမယ်ဆိုပြီး မေးကြည့်တယ်။
ညီမလေး  မေးလ်သွားပို့ပြီးပြီ  လားလို့ ပေါ့။မနေ့ညက  မှတ်ပုံတင်နံပါတ် ဒီမနက်ပို့ထားမယ်လို့ ပြောလို့လေ  အဲ့ဒါမေးကြည့်တာပါ။။
တိုက်ဆိုင်ချင်တော့ ကျနော်ဖုန်းခေါ်မှ ညီမလေးက  အပြင်ရောက်နေတယ်တဲ့လေ။  ဖုန်းခေါ်ပေးတဲ့  အဆောင်မူး ကပြောတယ်  ဗျာ့  ညီမလေး အပြင်မှာ  ကောင်လေးတွေနဲ့  အအေး သွားသောက်တယ်တဲ့လေ။
အဲ့ဒိ စကားကိုကြားလိုက်ရတာ
ကျနော့်ရင်ထဲမှာ မီးတောင် ပေါက်ကွဲလိုက်သလို ခံစားလိုက်ရတယ် ဗျာ.......။အတိတ်က အရာ တစ်ခုကိုတွေး သတိရပြီး ကျနော် အဲ့ဒိနေ့ တစ်နေ့လုံး  အလုပ်ထဲမှာ စိတ်မဖြောင့်ခဲ့ပါဘူး။

ညီမလေး ကို နောက်ထက်ဆုံးရှုံးလိုက်ရမှာကို တွေးကြောက်မိခဲ့တယ်ဗျာ။
ဒါပေမဲ့ ညီမလေးက ပြောပါတယ် သူငယ်ချင်းတွေပါလို့လေ။
ကျနော်သိပါတယ်။ ဒါပေမဲ့ အဆောင်မူးပြောလိုက်တာက  တစ်မျိုးကြီးပဲလေ။
ကျနော့် အထင် ညီမလေးနဲ့အ ဆောင်မူးနဲ့က  သိပ်ပြီး  ပဏာ မရဘူးနဲ့တူပါတယ်။
နောက် မှ  ညီမလေး ကိုမေးကြေည့်တော့  ကျနော်ထင်တဲ့အတိုင်းဖြစ်နေတော့တာပါပဲ ။

ညီမလေးကို  အဆောင်မူးက အလိုလို မကျေနပ်နေတာတဲ့လေ ။
ကျနော့် ညီမလေး လှတာကို အဲ့ ဒိအဆောင်မူးက မကျေနပ်နေတာနဲ့တူပါတယ် ဗျာ ....။  ဟီးဟီး။။

အဲ့ လိုနဲ့ ကျနော်ဖုန်း ကိုဆက်မပြောတော့ပဲ ဖုန်းချလိုက်တယ် ။ ညီမလေးက  ကျနော့်ကို  ဒီညနေခင်းအွန်လိုင်မှာ တွေ့ချင်တယ်လို့ပြောပါတယ် ။
ကျနော် စိတ်မကောင်းဖြစ်သွားတာကို ညီမလေး သိသွားတယ်နဲ့တူပါတယ်။
နောက်ပြီး သူ့ အပေါ် ကို ကျနော် အထင်လွဲမှာကိုလဲ ညီမလေး 
ဆိုးရိမ်နေရှာ ပါတယ် ။

တကယ်တော့ ကျနော် ညီမလေး ကို စိတ်မဆိုး ပါဘူး ။

ကျနော့်ညီမလေး ဘာတွေပဲလုပ်လုပ် ကျနော် ခွင့်လွတ်ရင်းနဲ့ပဲချစ်နေမှာပါ။
နောက်ဆုံး အနေနဲ့ ညီမလေးမှာ ရည်ရွယ်ထားတဲ့(သို့) မိဘတွေသဘောတူထားတာပဲဖြစ်ဖြစ် ရှိနေခဲ့ရင်တောင်မှ ကျနော် ညီမလေး ကို ညီမလေး အရင်းတစ်ယောက်အနေနဲ့ ဆက်ချစ်နေမယ်ဆိုတဲ့ ခံယူချက်က ကျနော့် ရင်ထဲမှာ အစောကတည်း ကရှိပြီးသား၊ ထားပြီးသားပါ ။ 
ဘာဖြစ်လို့လဲဆိုတော့ ညီမလေးပြောပြခဲ့သမျှတွေဟာအမှန်တွေပဲဆိုရင်တော့ညီမလေး  ကကျနော်ထက်စာရင် သနားဖို့ကောင်းပါတယ်။
ကျနော်က အချစ်နဲ့ ပတ်သက် လို့ကံမကောင်းတာကလွဲရင်
တစ်ခြားပြည့်စုံပါတယ်။

ကျနော့်ညီမလေး ကြတော့ သူ့ မှာ မိဘတွေနဲ့လဲ အတူမနေရရှာဘူးလေ ။ပျော်ရွှင်စရာ မောင်နှမ ဆိုတာလဲ သူ့ မှာမရှိခဲ့ဘူးတဲ့လေ။ တစ်ဦးတည်းသောမိန်းကလေးတစ်ယောက်ဖြစ်နေရတယ်။ 
ဒါမေမဲ့ ညီမလေးကို သူ့ ရဲ့ အန်တီ ကပဲ ကျောင်းထားတယ်လို့ သိရပါတယ်။  ညီမလေးရဲ့ အန်တီက အတော်ချမ်းသာ မဲ့ပုံနဲ့တူပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော့်ညီမလေး အန်တီ လေးကိုတော့ ကျေးဇူးတင်ရမှာပဲလေ ။
သူ့ကို ကျောင်းလဲထားပေးတယ် လေ။နောက်ပြီး မိဘ လိုလဲ ဆိုဆုံးမရသေးတယ်လေ။
အခုခေတ်လူငယ်တွေက ဆိုဆုံးမ အုပ်ချုပ်မဲ့သူ ကင်းနေရင် 
ပျက်စီး တက်တာများတယ်။။  

ဒါပေမဲ့  ကျနော့်ညီမလေး ကို တော့ 
ကျနော် ချီကျူး ပါတယ်   သူ့မှာ အစစအရာရာမပြည့်စုံပေမဲ့ 
 သူ့  ပညာရေးကိုတော့ ကြိုးစားနေစဲပဲလေ.....။

အဲ့ဒါ  သတ္တိ အမျိုးပဲလေ။။။။

လေးစားရမှာပေါ့။။။။။။။။။
အင်း...............ညီမလေး နဲ့ ပတ်သက်ပြီး  စာတွေ ရေးရင်တော့  တစ်ညလုံး အိပ်ရမှာကို မဟုတ်တော့ပါဘူး.....
တော်ပြီကွာ  မနက်ဖြန်မှပဲ ဆက်ရေးတော့မယ်   ။

အခုတော့ အိပ်လိုက်ဦးမယ် ညီမလေး ရယ်.......။

ချစ်တယ်ညီမလေးရယ်.......

အရမ်း လဲ သတိရတယ်ကွာ..........

ညီမလေး   ကံကောင်းပါစေ.......။



No comments:

Post a Comment