ကျနော့် ညီမလေး အွန်လိုင်းလာသွားလို့ ဟဲဟဲ ပျော်လိုက်တာ
ညီမလးကကျနော့ကိုပြောတယ်လေ
ကိုကြီး မနက်ဖြန်နေ့ခင်း မှာကိုကြီးသွန်းကိုစောင့်နေပါတဲ့လေ
နောက်ပြီး သွန်းကိုပြောချင်တာတွေကိုစုထားပါတဲ့လေ။
သွန်းက အစကတည်းက ခတ်ရှုပ်ရှုပ် မိန်းကလေး
တစ်ယောက်ပဲတဲ့လေ။။။ အဲ့ဒိလိုကြီး
ကျနော့်ကိုပြောသွားတယ်ဗျာ။အခုမှဘာလို့အဲ့လိုကြီးဖွင့်ပြောနေရတာလဲ။ကျနော့်ကို
သိစေချင်တယ်ဆိုရင်လဲရည်းစားမဖြစ်ခင်
တုန်းကအရင်ဆုံးပြောထားပါလား…….။
ကျနော့်ရဲ့အချစ်ကိုလာစမ်းနေတာလား။။။။။။။။။။။
အခုချိန်မှာ ညီမလေး က ကျနော့်ရဲ့ချစ်သူဖြစ်နေပြီနေလေ
ကျနော်နဲ့မဖြစ်ခင်တုန်းက ညီမလေး ဘယ်လိုပဲရှုပ်ခဲ့ရှုပ်ခဲ့
အဲ့အချိန်တွေတုန်းက
ညီမလေးကို ပြောပြသွန်သင်မှုအားနည်းနေလို့
ပဲလို့ကျနော်ခံယူထားတယ်။။။။။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်မြန်မာပြည်မှာတုန်းကပေါ့
ရှုပ်ပါတယ်ဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့ရည်းစားဖြစ်ခဲ့
ဖူးတယ်လေ အစကတော့
ကျနော်လဲမသိခဲ့ရပါဘူး နောက်သူငယ်ချင်းတွေ
ကပြောပြကြတာပေါ့။အဲ့လိုနဲ့သူငယ်ချင်းတွေပြောတာကိုလက်ခံခဲ့တယ်။နောက်သူကိုယ်တိုင်လဲဝန်ခံလာတယ်လေ။ကျနော်ကျေနပ်ခဲ့ပါတယ်။ကျနော်နဲ့ပတ်ပတ်ပြီးနောက်ပိုင်း
အဲ့လိုတွေမဖြစ်စေဖို့ကျနော်ပြောပြတယ်။
ကျနော်ယဉ်ယဉ်လေးနဲ့သူ့ကို ပြောပြတာ………..။
သူ့ကိုမရလို့လဲကျနော်ဘာမှမဖြစ်ဘူးလေ
ကျနော့်မှာလုပ်စရာတွေအများကြီးရှိသေးတယ်။ကျနော့်မိဘ တွေကလဲရှုပ်မှန်းသိလို့သဘောမတူဘူးလေ။ကျနော်ပြောနေတဲ့အချိန်တော့ ခေါင်းညိတ်နေတာပဲဗျာ့ နောက်ကွယ်ရာကြတော့
သူထင်ရာဆိုင်းတော့တာပဲ။
ကျနော်လဲပြောမရတဲ့နောက်ဆုံးတော့ ဝေးဝေးကေ၇ှာင်ရတော့တာပေါ့။သူကတော့
ဘဲတွေတစ်ယောက်ပြီးတစ်ယောက်ပဲဗျာ့
ကျနော့်ကိုရွဲ့တွဲပြနေတာလားတော့မသိပါဘူး ။
ကျနော်ကဘာဖြစ်မှာလဲ နဂို ကတည်းက
တရာသမားဆိုတော့ဟဲဟဲ
အရာအရာကိုနားလည်ခွင့်လွှတ်ပြီးသားပဲလေ ။
ကျနော်မကောင်းတာမလုပ်ဘူး၊
မဟုတ်တာမပြောဘူး၊မဖြစ်နိုင်တာလဲမပြောဘူး၊လမ်းမှားနေ
ရင်တော့ အမှန်ကိုပြောပြဖို့ကျနော့်မှာတာဝန်ရှိတယ်လေ။
လက်မခံတာ၊နားမထောင်တာကသူ့အပိုင်းပေါ့။
အခုချိန်ထိဘယ်မိန်းကလေးအပေါ်မှ ရုပ်မာမှုမပြုခဲ့ဘူး။
ကိုယ်မယူနိုင်ရင် ဝေးဝေးက ရှောင်မယ်
ကျနော်ယူနိုင်ရင်ရှေ့ဆက်တိုးမယ်၊ ဒါကျနော်ရဲ့ခံယူချက်ပဲ။
မိန်းကလေး တစ်ယောက်ရဲ့
ဘဝအတွက်တာဝန်မယူနိုင်ဘဲနဲ့တော့
ပေါက်ကရလျှောက်လုပ်ဖို့တော့မသင်ပါဘူး………..။
ဒါတွေက
လူ့အသိညာဉ်မရှိတဲ့အကောင်တွေရဲ့လုပ်ရက်တွေလေ။။။။။
မိန်းကလေးတွေကို ရှုပ်တယ်လို့ပြောကြတာကလဲ
…….တကယ်တော့
အသည်းခွဲတာလို့ပြောရင်ပိုမှန်ပါတယ်ဗျာ။တစ်ချို့ကြတော့လဲ
အချူဇယာ တွေနဲ့တမင်လိုက်ရှုပ်နေကြတာလေ
အဲ့ဒါတော့နဲနဲကြောက်ဖို့ကောင်းတာပေါ့။
တစ်ချို့ကြပြန်တော့လဲ
အပျော်သဘောနဲ့
တမင်တွဲသွားတွဲလာလုပ်နေကြတယ်ဗျာ……သူများဆီကလဲမယူဘူး
သူတို့ဆီကလဲမပေးဘူးပေါ့………။
ကျနော်ကတော့ မြန်မာ
မိန်းကလေးတွေအဲ့လိုမျိုးမဖြစ်စေချင်ဘူး။အဲ့လိုမျိုးမိန်းကလေးတွေနဲ့လဲကျနော်တိုးမှာကြောက်နေတာလေ။
ကျနော် မသေခင်မှာ တွေ့ရဦးမယ်ဆိုရင်လဲ
တက်နိုင်ဆုံးတော့ကြိုးစားကြည့်ရမှာပဲလေ……….။
ကျနော်ကတစ်ယောက်တည်း အေးအေးဆေးဆေးသမား
ဗျာ့။ဘယ်သူ့ကိုမှလဲအထင်မသေး
သလိုဘယ်သူ့ကိုမှလဲအထင်မကြီးဘူး။
အိမ်ထောင်ရေးမှာတော့ဘယ်လို
မျိုးနဲ့ရမလဲတော့မသိသေးဘူးဗျာ့။အချစ်ရေးနဲ့ပတ်သက်လာရင်တော့
အစပိုင်းမှာ မထင်မှတ်ပဲနဲ့ ရည်းစားဖြစ်ဖြစ်လာတယ်
နောက်ပိုင်းကျနော် ရည်းရွယ်လိုက်ပြီးဆိုရင် မဟုတ်တော့ဘူးဗျာ့
အဖြတ်တွေကသူ့အလိုလိုဝင်ဝင်လာတယ်လေ ။
ဘာတွေဖြစ်နေမှန်းကိုမသိရသေးတာပဲ။
အခုလဲကြည့်ဦး ကျနော့်ညီမလေးက
ကျနော့်ကိုဘာတွေပြောသွားမှန်းမသိဘူး ရှုပ်တာတွေရော
ရှင်းမရတာတွေရော ဟီးဟီး
ဘာတွေဖြစ်လာဦးမလဲမသိပါဘူး။။။။။တွေးလို့တော့မရသေးပါဘူး။။အိုး…………………အဲ့ဒါတွေအသာထားပါ
ညီမလေးနဲ့ပဲပတ်သက်တဲ့ကျနော့်ရဲ့အချစ်ဇတ်လမ်းလေးပဲ
ရေးနေရမဲ့ဟာကို
ကျနော့်အကြောင့်တွေပြောပြနေတာနဲ့ တော်တော်ရည်သွားတယ်
ဗျာ အိပ်တောင်အိပ်ချင်လာပြီ
ကျနော့်ညီမလေးကတော့
အခုချိန်လောကဆိုကျနော့်ကိုဘယ်သတိရနိုင်ပါတော့မလဲ
အိပ်မောကျနေရောပေါ့………..ဟီးဟီး အိပ်အိပ်ညီမလေး
အိပ်သိလား အကိုမနောက်တော့ပါဘူး ညီမလေး
လန့်နိုးသွားဦးမယ်….. ကျွတ် ကျွတ်…….။
ကျနော့်ညီမလေးကတော့ ကျနော့်အပေါ်
အခုချိန်ထိ မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်နေတယ်လို့
ကျနော်ယုံကြည့်တယ်။ နောင်တစ်ချိန်ကိုတော့
ကျနော်မတွေးရဲသေးတာအမှန်ပဲ…..။တကယ်လို့များ
ကျနော့်ထက်သက်တဲ့ အကောင်တွေနဲ့များတွေ့သွားခဲ့ရင်
ကျနော့်ကိုညီမလေး
ထားခဲ့မှာလားမသိပါဘူး။ကျနော်အဲ့ဒိလိုကြီးအဖြစ်ခံရမှာတော့ တွေးကြောက်မိပါတယ်
ဗျာ။။။။ဒါပေမဲ့ ကျနော်ထက်
အစစအရာရာသာပြီး
ကျနော်ထက်ညီမလေးကိုပိုချစ်နိုင်မဲ့သူဆိုရင်တော့
ကျနော်ကြည်ဖြူပေးရမှာပါ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က
ညီမလေးကို သိပ်ချစ်တာလေ……. ညီမလေး
ဒုက္ခရောက်မှာကိုတော့ ကျနော်မလိုလားပါဘူး…..။
ညီမလေး တွက်ပဲ အမြဲတမ်းခေါင်းထဲ တွေးနေတဲ့သူပါဗျာ.......။
အင်............ဒီနေ့ ပို့စ် ရေးတာ နဲနဲတောင်ရည်သွားပြီး
အိပ်ဦးမှနဲ့ တူတယ် မနက် အလုပ်ကရှိသေးတယ် လေ.......။
အိပ်ဦးမှနဲ့ တူတယ် မနက် အလုပ်ကရှိသေးတယ် လေ.......။
အလုပ်ပြတ်လို့ စူဘာဗိုက်ဆာ ငေါက်တာကိုခံနေရဦးမယ် ဟီး
ဟီး ............ သတိရနေတယ် ညီမလေး ..........
ဂွတ်နိုက် နော် ..........။
No comments:
Post a Comment