က်ေနာ့္ညီၤမေလးက ကျနော့် အပေါ် စိတ်ဆိုးပြေသွားပြီနဲ့ တူပါတယ် ....
ကိုကြီး...သွန်းကို မခေါ်ရင်နေပါ..... သူများကိုဘာလို့ စကားမပြောရတာလဲတဲ့လေ ....
သူ့ ကိုပြန်ခေါ်လိုက်ပါတဲ့လေ........။
ကျနော်လဲ အံ့သြောသွားတာပေါ့............။
နောက်ချက်မေးလ်တွေကို ပြန်စစ်ကြည့်တော့ ကျနော့်ညီမလေးကို
သူငယ်ချင်းက ပြန်တောင်းပန်ပေးထားတာကိုတွေ့ လိုက်တယ်လေ...။
ပထမ နေ့ တုန်းက စကားများရန်ဖြစ်ထားတာဆိုတော့ သူ့ ကိုလဲမမေးချင်တာနဲ့  ညီမလေး ရဲ့ ချက်မေးလ်တွေကိုပြန်စစ်ကြည့်တော့တွေ့ တာလေ...။
ဪ..............ကျနော့် သူငယ်ချင်းက သူစကားပြောမှာသွားတာကို ပြန်တောင်းပန်ပေးထားတာကိုတွေ့ လိုက်ရတယ်လေ..........။
ကျနော် ကျေနပ်ခဲ့ပါတယ်.........ဗျာ
တကယ်တော့သူက ကျနော့်အပေါ်မှာ ကျေးဇူးတွေ၇ှိတယ်လေ..........။
ညီမလေး နဲ့ ပတ်သက်လို့ သာ စိတ်တိုပြီးပြောခဲ့ပေမဲ့..........အခုလိုသူကပြန်တောင်းပန်ပေးလို့  ကျနော့်ညီမလေး ကျနော့်အပေါ် နားလည်ခွင့်လွှတ်ပေးတော့
ကျနော့် သူ့ ကို ပြောခဲ့တာတွေကို ဝမ်းနည်းမိပါတယ်ဗျာ.......။
ဘာဖြစ်လို့ လဲဆိုတော့ ကျနော် အလုပ်ထဲမှာ ခိုက်မိတုန်းကလဲ သူပဲ ကျနော့်ကိုပြုစုပေးခဲ့တာလေ........... အဝတ်ကအစလျှော်ပေးခဲ့တာလေဗျာ။
ညီမလေး ပြောသလိုပဲ ကျနော်သူ့ ကိုပြန်ခေါ်လိုက်ပါတယ်လေ.............။
သူလဲကျနော့်လိုပါပဲ စူးစမ်းချင်တဲ့စိတ်တော့အရှိသားဗျာ့...........။
ကွန်ပျူတာနဲ့ ပတ်သက်လို့ လဲ တော်တော်ဝါသနာ ကြီးပုံပေါ်တယ်ဗျာ..........။ကျနော်လဲ တက်သလောက်မှတ်သလောက်တော့သူ့ ကိုအကုန်ပြောပြသင်ပြပေးပါတယ်။
သူ့ ကို အကုန်မသင်ပေးမှာဆိုးလို့ တဲ့......... ကျနော့်ခိုင်းတာကိုအကုန်လုပ်တော့တာပဲဗျာ့။
ကျနော်က နဲနဲသိလို့ နဲနဲပြောပြတာကို သူကကျနော့်ကို နာမည် မခေါ်ပဲ ဆရာ လို့ ခေါ်နေလို့  နပန်း ကျင်း ပေးထားရသေးတယ်လေ .......။
သူခေါ်တာကတော့ အပစ်မဟုတ်ပေမဲ့ ကျနော်ကဆရာကြီးမှမဟုတ်တာလေ ဗျာ....။
အင်း................အဲ့ဒါတွေက အရင်တုန်းကပါ ဗျာ.............။
အခုတော့ စကားများထားလို့  သိပ်ပြီး ကျနော့်ကို အရင်လိုမခေါ်ရဲသေးဘူးလေ ....။
သူကပြန်တောင်းပန်ပေးလို့  ကျနော့်ညီမလေး နားလည်ပေးတယ်ဆိုတော့
ကျနော်သူ့ ကိုခွင့်လွှတ်လိုက်ပါတယ်ဗျာ...........။
အင်း.......................အချိန်တောင်မနည်းတော့ပါလား။။။။။။။။။။။။။
နောက် နေ့ မှဆက်ရေးတော့မယ်..............လေ။။။။။။။။။
အိပ်ချင်လာပြီ ကွာ
ညီမလေးရေးးးးးးးးးးးး
ဂွတ်နိုက်နော်..............ညီမလေး သွန်းးးးးးးးးးးး
ချစ်တယ် ...........
No comments:
Post a Comment