Sunday, December 11, 2011

နံပါတ် ၁၃ ။ ။Tue, Nov 15, 2011 at 2:00 AM

ဒီနေ့က   ကျနော် ညီမလေး  အကောင့်ရဲ့ pass word သိရတဲ့နေ့ပေါ့။
ဘာရယ်လို့တော့မဟုတ်ပါဘူး။။  ကျနော်မေးလ်ပို့တာကို ညီမလေးက မရောက်ဘူးလို့ပြောနေတာနဲ့  ဘာလို့မရောက်ရတာလဲဆိုတာကို
သိချင်တာနဲ့ အကောင့် တောင်းဖြစ်ခဲ့တယ် လေ။
ကျနော် တောင်းတော့ ညီမလေးက ပေးလိုက်ပါတယ် ။။
ကျနော်ဖွင့်ကြည့်တော့ မေးလ်တွေက ရောက်တယ် ဒါပေမဲ့ 
ကျနော့်ညီမလေးရဲ့အကောင့်ထဲမှာက မေးလ်တွေ အားကြီးပဲဗျာ့
တစ်နေ့ကို တစ်ရာ ကျော်လောက်ရောက်ရောက်နေတယ် လေ။
ညီမလေးက  ၃ ရက်လောက်ကြာမှ အွန်လိုင်းသွားတော့ ကျနော့်မေးလ်တွေကို သူမတွေ့ရတော့ဘူးလေ။
 အဲ့ဒါနဲ့ ကျနော်လဲ  ညီမလေးရဲ့မေးလ်တွေကို လိုက်ဖျက်ပေးလိုက်တယ် လေ။

ညီမလေးက ဆိုက်တွေမှန်သမျှကိုအကုန်လိုက်ဝင်ထားတာဆိုတော့
မေးလ်တွေပို့ပေးကြတာပေါ့။
ဒီနေ့လဲ ညီမလေးဆီ ဖုန်းဆက်မေးကြည့်တယ် ။
     ညီမလေး ကပြောပါတယ် ဒီနေ့လဲမရဘူးတဲ့လေ။
နောက်ပြီးပြောသွားသေးတယ်  ပိုက်ဆံလဲမပို့နဲ့တော့၊ သွန်းစာမေးပွဲကိုလဲ မဖြေတော့ဘူးတဲ့လေ။။။။
ညီမလေး က ကျနော့်ကို ပိုက်ဆံမပို့ပဲနဲ့ညာပြောနေတယ်လို့ထင်သွားမှာကို 
ဆိုးရိမ်လိုက်ရတာဗျာ....။။။။။။။

အဲ့လိုနဲ့ အလုပ် to ချိန်ကိုဖြတ်ပြီး  မြို့ထဲသွားခဲ့ရတာပေါ့။
ဟိုရောက်တော့ ငွေလွဲကောင်တာနဲ့ စကားများပါလေရောဗျာ။။
ကျနော်လဲ စိတ်တိုတာနဲ့ပြောပစ်လိုက်တာပေါ့ ဒီလောက်တောင်ရက်တွေကြာနေတာ ဘာလို့မရောက်ရတာလဲဆိုပြီးတော့ ပေါ့။။။။

မနက်ဖြန်တော့ သေချာ၇လောက်ပါပြီဆိုပြီး   သူက ကျနော့်ကို ကတိပေးခဲ့တယ် လေ။ တကယ်လဲ ကျနော့်ညီမလေး  ရခဲ့တော့ 
ကျနော့် ရင်တွေ အေးခဲ့ရတာပေါ့။ ကျနော့်မှာ ရက်တွေကြာနေလို့စိတ်ပူလိုက်ရတာဗျာ ..........။
ကျနော်ပို့ပေးတဲ့ ပိုက်ဆံကို ညီမလေး သုံးခွင့်ရသွားဆိုတော့ 
ကျနော် အရမ်းပဲ ပျော်ခဲ့ပါတယ် ။ ၀မ်းလဲသာတယ် ဗျာ.......။။
ညီမလေး မှာ ဆရာ တွေကို  ကန်တော့ချင်တာတွေရော၊ 
နောက် သူ့ရဲ့ဆွဲကြိုးကလဲ ပြတ်သွားတယ် လို့လဲ  သူ့ရဲ့မှတ်စုထဲမှာ ကျနော် ဖတ်လိုက်မိတာကြောင့် ကျနော် မရရအောင်ပို့ပေးခဲ့တာပဲလေ။
ညီမလေး  တကယ်ပိုက်ဆံလိုအပ်ဆိုတာကလဲ  သူပြောလို့သိရတာပဲလေ။
ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ ပါ။ ကျနော် ညီမလေး ကို ကူညီခွင့်ရတာကို က  ကျနော်ပျော်နေရသူပါ ဗျာ။ ။။။။
ကျနော် ညီမလေး ကို ချစ်သူတစ်ယောက်လို ချစ်တဲ့အပြင်ကို ညီမလေး အရင်းတစ်ယောက်လိုလဲ ချစ်နေရလို့ပဲလေ။။။။။
ညီမလေး  ညာပြောတာသိခဲ့ရင်တောင်
 ကျနော် မသိချင်ယောင်ဆောင်နေမဲ့သူပါ ဗျာ။။။။။

တကယ်ချစ်တယ်ဆိုရင် ဒီလိုပဲ ခံယူကြရတာလေ။။။။။။

ဒါဟာကျနော် တစ်ယောက်တည်းမဟုတ်ဘူး ။
ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း သူတို့တကယ်ချစ်နေကြတယ်ဆိုရင် 
ချစ်စိတ်တွေနဲ့မျိုသိပ်ပြီး အရာရာကိုသီးခံခွင့်လွှတ်နေကြတာပါ။။။

တော်ပါပြီး  ကမ္ဘာပေါ်မှာရှိတဲ့လူတွေနဲ့ လိုက်ပြီးပြောပြနေရင်  ဆုံးမှာတောင်မဟုတ်တော့ဘူး  ဟီး  ဟီး....

ညီမလေး..............  ချစ်တယ် 
ညီမလေး...............  လွမ်းတယ်
ညီမလေး.............   သတိရတယ်
ညီလေး..............နမ်းချင်တယ်
ညီမလေး   အစ်ကို နမ်းရင် စိတ်မဆိုးရဘူးနော် ............။



No comments:

Post a Comment