Monday, December 12, 2011

နံပါတ် ၁၄ ။ ။ Wed, Nov 16, 2011 at 01:01 AM

ဒီနေ့က ကျနော် ကံကောင်းတာလား ကံဆိုးတာလား??????

ဒါမှမဟုတ်ရင် ကျနော့်ညီမလေး ကံကောင်းတာလား ??????
အဖြစ်ကတော့ ဒီလိုဗျာ့  မနေ့က ညီမလေး အကောင့်ကို ကျနော် သိခဲ့တယ် လေ........။
သူ့အကောင့်ထဲက chat  mail တွေကိုလိုက်ဖတ်ကြည့်တော့
အွန်လိုင်းမှာ ရည်းစားတွေထားခဲ့တာကို ကျနော်သိလိုက်ရတာပေါ့။
ကျနော်ကိုလဲ ဒီကောင်တွေလိုပဲကျူနေတာလား ဆိုပြီး 
ကျနော် စိတ်တိုတို နဲ့  ညီမလေးဆီ မေးလ် ပို့ခဲ့ပါတယ် 
တော်တော်ရှုတ်တဲ့မိန်းကလေးဆိုပြီး .........
ကျနော်  အပစ်တင်ပြီး     သူ့ရဲ့အချစ်တယ် ဆိုတဲ့စကားတွေကိုလဲ
မယုံကြည်နိုင်ဘူးဆိုတဲ့ အကြောင်းတွေ ပေါ့.........
အိုးးးးးးးးးးးးးးးးး အများကြီးပါပဲဗျာ.........
ညီမလေး ဖတ်လိုက်ရရင်  မျက်ရည် ကြီးငယ်ကျမှာတော့သေချာတယ်။။

ညနေခင်း အွန်လိုင်းလာတော့ မေးလ်ဖတ်ပြီးပြီလားလို့မေးတော့
ညီမလေးဆီမှာ ကွန်မကောင်းတဲ့ နေ့ဖြစ်နေတယ်လေ
မေးလ်ဖွင့်လို့မရဘူးတဲ့လေ ..........
အဲ့ဒါနဲ့ ကျနော်လဲ သနားပြီး  သူ့ရဲ့အကောင့်ကို  အမြန်ပြန်ဖွင့်ပြီး 
မေးလ်ကို  ဖျက် ပြစ်လိုက်တယ် လေ..........။
ကျနော့် ညီမလေး မဖတ်လိုက်ရတော့ဘူးပေါ့
နောက်တော့  ကျနော်ပြန်တွေးကြည့်တယ် 
ပါတ်စ်ဝှက် တောင်းတုန်းက သူကိုယ်တိုင်ပြောခဲ့တယ် 
အွန်လိုင်းမှာ သွန်း    ကျူထားတာတွေအများကြီးပဲတဲ့လေ..........
သူကိုယ်တိုင်က ၀န်ခံ ထားတော့   ကျနော် မပြောရက်တော့ပါဘူးဗျာ
နောက်ပြီး ဖုန်းပြောရင်လဲ  ကျနော့်ကိုတကယ်ချစ်တဲ့အကြောင်းတွေ
အဖန်ဖန် ခါခါပြောပြတယ်  လေ............။
တဖြေးဖြေးနဲ့ သူ့ရဲ့အချစ်တွေကို ယုံကြည်လာခဲ့တာပေါ့။။။။။။
အစကတော့  ညီမလေးရဲ့အချစ်တွေကို မယုံဘူးလို့တော့မပြောပါဘူး
ညီမလေး ပြောနေဆိုနေတဲ့ စကားတွေကို 
ချင့်ချိန် နေရတာပေါ့    နောက် ညီမလေးက  ရည်းစားမဖြစ်ခင် ကတည်းက  ကျနော့် ကိုသတိရနေတဲ့အကြောင်းတွေကို မှတ်စု အနေနဲ့ရေးထားတာတွေကိုလဲ ကျနော်ဖတ်လိုက်ရတော့
ညီမလေး ရဲ့အချစ်ကို ကျနော်ယုံကြည့်ခဲ့တာပဲ
သူလဲ ကျနော်လိုပဲ  ဒဏ္ဏာရီလေး ရေးထားပါလားဆိုပြီးတော့ပေါ့။။
ကျနော်  ကိုယ့်ကိုကိုယ့် တွေးပြီးရယ်နေမိတယ် ဗျာ
ချက်ဘောက်ထဲက စာတွေကိုဖတ်ပြီး စိတ်တိုတိုနဲ့မေးလ်တွေ့
ညီမလေးဆီပို့ နောက်  စိတ်ပြေတော့
ညီမလေးကို သနားပြီး  ချစ်နေမိတာကြောင့်

မေးလ်တွေကို ပြန်ဖျက် လိုက် ပို့လိုက်နဲ့ လုပ်နေမိတယ် ။
အခုတော့ ပြီးသွားပါပြီ 
 ညီမလေး ကလဲ ကျနော့်တစ်ယောက်တည်းကိုပဲ ချစ်သွားတော့မှာပါတဲ့လေ.........။
အရင်ကဖြစ်ခဲ့တာတွေကိုလဲမေ့ပစ်လိုက်ပါပြီတဲ့လေ
ကျနော့်ကိုလဲ  အရင်ကအကြောင်းတွေကို မမေးပါနဲ့တော့ တဲ့လေ 
အဲ့ဒါနဲ့   ညီမလေး  စိတ်ဆင်းရဲမဲ့ စကားတွေ မမေးတော့ပါဘူးလို့ ကျနော်ဆုံးဖြတ်လိုက်ပါတော့တယ် ............။
အယ်...................အချိန်တောင်မသေးတော့ ပါလား    အိပ်တော့မယ်
ကွာ...........ညီမလေး  ကံကောင်းပါစေ

No comments:

Post a Comment